Tuesday, November 6, 2012
Facebook အသုံးပြုနည်း (မသိသေးသူများအတွက်ပါ)
Faebook ကို Gtalk လိုပဲ Desktop ပေါ်တင်ချက်ချင်ရင်
ဒါလေးကတော့ အသုံးလိုတဲ့သူ ပြန်သုံးရအောင် တင်ပေးတာ။ သုံးရတာအဆင်ပြေ၏
Gtalk လိုပဲအဆင်ပြေတယ် ချက်တင်ကနေ၀င်ပြီး Facebook စာမျက်နှာသွားလည်းရ
Gtalk လိုပဲ Mail စာအိပ်ပုံလေး နှိပ်ရင် Gmail တန်းရောက်သွားသလိုပဲ ကောင်းတယ်
Remember Password လုပ်ခဲ့ရင် ကွန်ပျုတာဖွင့်တာနဲ့ အော်တိုပွင့်တယ် အသစ်ကြီး
ပြန် ရိုက်ရတာ ပျင်းစရာ..အော်လိုက်တာနဲ့ တန်းပွင့်ရင် ဘီလောက် ကောင်းမလဲ...။
လိုချင်ရင် ဒီလင့်မှာယူ -http://www.facebook.com/Messager Ftalk
Facebook ထဲက e-mail တွေဝင်မလာအောင်တားနည်း
ဒီနည်းကတော့ အသုံးလိုတဲ့သူတွေအတွက်ပါ မေးတွေဝင်လာလို့  စိတ်ညစ်လာရင်
အခုလိုလေးလုပ်ထားလိုက်ပါ ဖေ့ဘွတ်ထဲဝင်ပြီးရင် Home ကို နှိပ်လိုက် ပုံထဲမှာလို
Groups တွေကို Leave group လုပ်ပေးလိုက်ရင် ၀င်မလာနိုင်တော့ပါ...................။ 
Facebook မသုံးချင်တော့၍ အကောင့်ကို အပြီးအပိုင် ဖျက်ချင်ရင်
ဒီနည်းလေးကတော့ အကောင့်ကို မသုံးချင်တော့၍ ဖျက်ချင်တယ်ဆိုရင် ဒီနည်းလေး
ကိုလုပ်ကြည့်ပါ  အခုတလော အကြောင်းအမျိုးမျိုးကြောင့် ဖွဘုတ်ခေါ်Facebook ကို
မသုံးချင်တော့ဘူးဆိုရင် အပြီးဖျက်တဲ့နည်းရှိသလို  ခဏအနေနဲ့ ပိတ်ထားချင်လည်း
ရပါတယ် ။လုပ်တဲ့နည်းက Facebook helpထဲမှာ ရေးထားပြီးသားပါ ။ဒီနည်းလေးကို
 ရေးဖို့ အစပြု အကောင်ထည်ဖော်ပေးသူက ငပိုင်(UAE) ပါ သူက ဖျက်ချင်နေတာနဲ့ 
ကူညီကြည့်တာ။Facebook အကောင့်ခဏပဲ ပိတ်ထားချင်ရင်................................
  1. Click the account menu  at the top right of any Facebook page
  2. Choose Account Settings
  3. Select Security from the left-hand menu
  4. Click on "Deactivate your account"
 အဲ့နည်းကတော့ အကောင့်ကို ခဏပိတ်လိုက်တဲ့အတွက် ဖေ့ဘွတ်စာမျက်နှာမှာ
ပျောက်နေမှာပါ ။ လိုချင်တဲ့အချိန် ၊ ပြန်သုံးချင်တဲ့ အချိန်မှာ ပြန်ပြီး Active လုပ်လို့ 
ရပါတယ် message,invite,request တွေတော့ ၀င်နေမှာပါ ကိုယ်ပြန်သုံးတဲ့အချိန်
မှာ ပေါ်လာမှာပါ အကြောင်း အမျိုးမျိုးကြောင့် အပြီးမဖျက်ချင်ရင် ဒီနည်းသုံး.....။
အပြီးအပိုင်  ဖျက်ချင်တယ်ဆိုရင်တော့ http://www.facebook.com/help/?faq=
ကိုနှိပ်၍ ဖျက်နိုင်ပါကြောင်း အသိပေးအပ်ပါတီ....ဒန် ဒဏ်း ဒံ...........................။
Facebook မှာ ကိုယ်နဲ့  သဘောထားမတိုက်ဆိုင်သူများကို block လုပ်နည်း
ဟိုးတလောက အိုမား ကမေးတယ် ။အမောင်ရေ  ဖေ့ဘွတ်မှာ Block လုပ်ချင်လို့ တဲ့
တစ်ခါမှ ဘယ်သူ့ ကိုမှ block မလုပ်ဖူးတော့ Setting ထဲမှာ တွေ့ တာနဲ့  နာမည်ကြီး
များ အသုံးပြုနိုင်ရန် မျှဝေလိုက်ပါ၏ လုပ်ပုံက မခက်ပါဘူး ပုံကိုကြည့်ပြီး လုပ်လိုက်ပါ
Home ဘေးက တြိဂံ ပုံလေးနှိပ် Privacy setting ၀င် Friend ကို တစ်ချက်နှိပ်ပြီးရင်
Blocked People and App စာတန်း  တည့်တည့်က  Manage Blocking ကို နှိပ်ပါ
ပြီးရင်တော့ Blockချင်သူရဲ့ profile နာမည်နဲ့ မေးထည့်ပြီး Block ကိုနှိပ်လိုက်ရင်ရပြီ
လာပြီးတင်တယ် ပုံတွေလည်းတင်သွားတယ် စိတ်အနှောက်ယှက်ဖြစ်ရင်လည်း အခု
ပြောသလို Block ထားလိုက် နာမည်ကြီးသူတွေတော့ အသုံးတည့်မယ်ထင်ပါရဲ့ ဒိုက
တော့ block လုပ်စရာလူကို မရှိသေးဘူး.....တေဘီဆရာ..............................။
Facebook ပေါ်တွင် ကိုင်ပေါက်လိုက် ပြန်ကောက်လိုက် လုပ်တတ်ချင်ရင်
ဒီနည်းကတော့ လူတစ်ယောက်ကို ဘလော့တဲ့နည်းနဲ့ ပြန်ဖွင့်တဲ့နည်းပါ သူငယ်ချင်း
အကြောင်းအမျိုးမျိုးကြောင့် စိတ်ဆိုးတဲ့အခါ ဘလော့ထားလိုက်ပါ ။အဲ့ဆို ဒုက္ခတွေ
တစ်ရာ၂၀တိုးတွေ လာမပေးတော့ဘူး။  စာလာရေးတာတို့   ကွန်မန့် မှာဆဲတာတို့ 
လုပ်ခွင့်မရတော့ဘူးပေါ့ ။ခဏဘလော့တဲ့သဘော ပြီးရင် ပြန်ဖွင့် ချင်ဖွင့်ဖို့ အတွက်
ဒီနည်းကိုမှတ်တမ်းတင်လိုက်ပါသည် လုပ်နည်းက လွယ်လို့  ပုံကြည့်တာနဲ့ သိပါပြီ
တိုက်ရိုက်တန်းသွားချင်ရင် ဒါကိုနှိပ်လိုက်-------- www.facebook- to block  
မောင်(စွယ်စုံကျမ်း) သလော့ဂ်လေးမှ ကူးယူဖော်ပြအပ်ပါသည်။ မူရင်းပိုစ့်ရေးသားသူနှင့် လာရောက်ဖတ်ရှုသူများကို ကျေးဇူးတင်ပါသည်။
                                                                  ရဲရင့်ကိုကို 
No comments: