ဥပမာဆိုတာ
တချိန်က ရှမ်းနဲ့ ဗမာ သူငယ်ချင်းနှစ်ယောက်စကားဆုံမိရာ
ရှမ်းက
ဟေ့ကောင် ငါ ဗမာစကားသိပ်နားမလည်လို့မေးချင်တယ်
မေးလေ
ဥဗမာ ဆိုတာဘာခေါ်သလဲ ဟင်
ဥဗမာ ဆိုတာ ဥဗမာတစ်ခုခုကို တင်စား နိုင်းယှဉ်ရန် ပြောဖို့ ပါ
အော် ..သိပြီ ဗမာဥ ဆိုတာကော ဘာခေါ်သလဲ ဟင်
ဟ ..... ဗမာဥ ဆိုတာ ရှမ်းဥ မဟုပ်လို့ပေါ့ ကွ ...
စိတ်မရှည်တဲ့ပုံပဲ
အော်....သိပြီ ဒါနဲ့ ဗမာဥနဲ့ ရှမ်းဥ နဲ့ဘာကွာသလဲ ဟင်
ဟာ.........ကွာတယ်ကွာတယ် ဗမာဥ ကမည်းတယ် ရှမ်းဥက ဖြူတယ်
အော် ....သိပြီ သိပြီ ဒါကြောင့် ရှမ်းဥ က ဗမာဥထက် ဈေးပိုတာ ကိုး
ဟာ ကွာ.....ဒီရှမ်းနဲ့ပေါင်းမှဘဲ ဥဗမာကနေ ဘယ့်နယ် ကြက်သွန်ဖြူရောက်တာလဲ တောက်...
ဦးဇင်းသာဝ အလိမ်ခံရ
တချိန်က...လင်မယားနှစ်ယောက်ရှိတယ်တဲ့
ကိုသာဝ ဆိုသူက နေ့စဉ်လိုလို မူးမူးပြီး မိန်းမနှင့် မကြာခဏ ရန်ဖြစ်စကားများကြတတ်တယ် တဲ့
မိန်းမဖြစ်သူက အကောင်းဆုံးနည်းလမ်းရှာပြီး ဘုန်းကြီးကျောင်းသို့ သင်္ကန်းသွားဝတ်ပါရန် တိုက်တွန်းလိုက်တယ်တဲ့ တစ်နေ့တော့ ကိုသာဝ က သင်္ကန်းဝတ်ဖြစ်သွားတယ်
တစ်ပတ်လောက်ကြာသော် ဦးဇင်းသာဝ က လူဘ၀နှင့်ဦးဇင်းဘ၀ကို စဉ်းစားတယ်။
“အင်း အိမ်ထက်စာရင် သင်္ကန်းဝတ်ရတာ ပိုအေးချမ်းတယ်”
(၂)လ ကြာသော် လူထွက်ချင်စိတ်မရှိ
မိန်းမဖြစ်သူက လူထွက်ရက်ကိုမျှော်နေသည်
(၃)လ ရောက်သော်လည်း လူထွက်ဖို့ အသံမကြား
တစ်နေ့တွင် မိန်းမဖြစ်သူက
““ဦးဇင်းဘုရား တပည့်တော်မ တို့၏ခြံစည်းရိုး ပေါက်ပြဲနေပြီး လူဝင်လိုက် ခွေးဝင်လိုက် နဲ့ ဘယ်လိုလုပ်ရမလဲဘုရား””
““ဟ ဦးတူတော်ရှိတယ်လေ သု့ကိုကာခိုင်းလိုက်””
ဒီလိုနဲ့ နောက်တစ်လလည်း လူမထွက်
ဒီတစ်ခါ
““ဦးဇင်းဘုရား မိုးတွေကလည်းကျလာပြီ အိမ်ခေါင်မိုးလည်းမလုံဘူး ဘယ်လိုလုပ်ရမလဲဘုရား””
““ဦးတူတော်လုပ်ခိုင်းလိုက်””
နောက်(၁)လ ကြာလဲ မထူး
““အင်း ဘယ်လိုလုပ်ရမလဲ””
နောက်တစ်နေ့ တွင်
ခြေထောက် ထော့နဲ့ ထော့နဲ့ နဲ့ သွားပြီး
““ဦးဇင်းဘုရား.....တပည့်တော်မ၏ပေါင်ကြားမှာ အနာစိမ်း အကြီးကြီးပေါက်နေလို့
ဦးတူတော်ကိုညှစ်ခိုင်းတော့မယ်ဘုရား””
လို့ လျှောက်ပြီးပြန်လှည့်သွားသည်
ဦးဇင်း စဉ်းစားသည်..
““ဟေ့ဟေ့ ဒကာမ ခဏနေဦး ဒါတော့ဦးတူတော်ကို ညှစ်ခိုင်းလို့မဖြစ်ဘူး ငါလာညှစ်ပေးမယ်““
ဆိုပြီး ချက်ချင်းလူထွက်ကာ အိမ်ရောက်တော့
့
““ပေးပေး ဘယ်မလဲ အနာ””
““ဘာ..အနာ မှ မရှိဘူး ရှင့်ကိုသတိရလို့ လိမ်ပြောတာ ဟိဟိ””
““ဟာ့...သေနာမ အဟုတ်မှတ်လို့””
လူလာရင် ဒီလို လူမလာရင် ဒီလို..
ဒီလို
ရှမ်းပြည်နယ်စပ် တစ်နေရာက ဈေးတစ်ဈေးမှာ
မဗာစကားမတတ်သော တောင်ပေါ် ကချင်မ တစ်ယောက် အမည်မသိသော အသား ရောင်းနေသည်၊
ဗမာမ တစ်ယောက်ကလာမေးသည်။
““ဒါ ဘာအသားလဲ””
အမည် မပြောတတ်တော့ လက်ဟန်လုပ်ပြတယ်
လက်တစ်ဘက်က ကွင်းပြီး လက်ညိုးတစ်ဘက်က ထိုးလိုက် ထုတ်လိုက်လုပ်ပြီး..
““လူလာရင် ဒီလို လူမလာရင် ဒီလို ဒီလို ဒီလို အသားလေ””
ဒါနဲ့ ဗမာမ က သူ့ကို လက်ညိုး ထိုးလိုက် ထုတ်လိုက် လုပ်ပြရမလားဆိုပြီး
““ဟေ့ ငါ့ကို ဘယ်လိုမိန်းမမျိုးအောက်မေ့နေသလဲ စော်ကားလှချည်လား””တဲ့
အော်ကြီးအော်ကျယ် စကားများနေကြတာ နဲ့
ဘေးက ကချင်လူမျိုးတစ်ယောက်က လာပြီး ဖြစ်စဉ်မေးမြန်းကာ
““အော် ဒီလိုပါ အမ သူက ဗမာလိုမပြောတတ်လို့ ပုံစံလက်ဟန်ပြရတာတဲ့ သူရောင်းနေတာက လိပ် သားပါတဲ့””
““မသိဘူးလေကွယ်””
ဘာလုပ်စားလဲ
တစ်ခါတုန်းက ပေါ့။
အလွန်၇ိုးသားပြီး "အ"တဲ့ မောင်ရိုးတစ်ယောက် မြို့ တတ် လာတယ်ပေါ့။
မြို့ အ၀င်လဲေ၇ာက်ေ၇ာ စစ်ဆေးေ၇းဂိတ်တွေ ဘာတွေ ဖြတ်၇တာပေါ့။
အဲ့ဒီမှာ မောင်ရိုးကို သက်ဆိုင်၇ာ ၀န်ထမ်းက မေးတာပေါ့။
နာမည်............မောင်ရိုးး
အလုပ်အကိုင်..................တောင်သူ။
ဘာလုပ်စားလဲ........................ ??????
အဲ့ဒီ အခါမှာ မောင်ရိုးက သေချာစဉ်းစားပြီး ဖြေလိုက်တာက ............
တစ်ခါတစ်လေလည်း မုန့်ဟင်းခါးလုပ်စားပါတယ်တဲ့။။။။။။
ရွာတစ်ရွာမှာ လင်ပါ ၄ နှစ်သားနှင့် မယားအသစ်နဲ့ အိမ်ထောင် အကြောင်း
တနေ့တွင် သားလေးနေမကောင်းဖြစ်လို့ ဆေးခန်းသွားပြသည် ဆရာဝန်ကဆန်ပြုပ်ကလွဲ
အခြားမကြွေးရန်မှာကြားသည် အဖေဖြစ်သူက ဆန်ပြုပ်အား စီစဉ်ပြီး လယ်တောထဲသွားရန်
နောက်ကျနေသဖြင့် မိန်းမအား ကလေးကိုဆန်ပြုပ်တစ်ခွက်တိုက်ပေးရန် မှာကြားပြီး
လယ်တော သို့ ထွက်သွားလေသည်၊
ညနေအိမ်ပြန်ရောက်တော့
““သားလေး နေကောင်းပြီလား ဆန်ပြုပ်ကော သောက်ပြီးပြီလား””
““ ရှင့်သားကလေ ဘယ်လို ကြွေးကြွေး ကြွေးလို့ကို မရဘူး မယုံရင် ရှင်ကြွေးကြည့်လိုက်””
““ကဲ ပေး ပေး ငါကြွေးမယ် .....ငါ့သား စားစား .............ငါ့သား စားစား .................””
ခဏကြာသော် မိန်းမက မီးဖိုချောင်မှထွက်လာပြီး
““ဘယ်နယ်လဲ ရှင့်သား စားရဲ့လား””
““ကုန်တောင် ကုန်သွားပြီ““
““ဟင် ရှင်ဘယ်လိုချော့ပြီး ကြွေးသလဲ””
““ဒီမှာကြည့် ..””
ယောက်ျားဖြစ်သူက တိုက်ပြတယ်...။
““သား ဆန်ပြုပ်ဆိုတာများများသောက်ရင် အားအများ ကြီးရှိတယ်
ပြီးတော့ ရွှေပန်းလည်းကြီးတယ် ..””
““ဟုတ်လားဖေဖေ””
““သိပ်ဟုတ်တာပေါ့ သားရဲ့..သောက် သောက်””
““ခွပ်””
မိန်းမဖြစ်သူက ခါးကြားမှ ယောက်မ ကိုထုတ်ပြီး ယောက်ကျား၏ခေါင်းကို တစ်ချက်ခေါက်လိုက်သည်။
““ဟ.. ဘာဖြဟ်လို ငါ့ခေါင်းကိုခေါက်တာလဲ””
““ ရှင် သိရဲ့သားနဲ့ အရင်ကတည်း ဘာဖြစ်လို့ ဆန်ပြုတ်များများ မသောက်ခဲ့တာလဲ ဟင့်...””
မြန်မာဟာသဆိုက်ထဲမှ ကူးယူဖော်ပြအပ်ပါသည်။
ရဲရင့်ကိုကို
No comments:
Post a Comment