Friday, November 9, 2012

ဥာဏ်စမ်းမေးခွန်းများ

(၁)
တစ်ခါက ညောင်ပင်တစ်ပင်အောက်မှာ နတ်ရုပ်သုံးရုပ်ရှိတယ်..ပထမတစ်ရုပ်က အမှန်တွေကိုပဲ ပြောတတ်လို့ သစ္စာနတ်ရုပ်တဲ့.. ဒုတိယနတ်ရုပ်က အလိမ်အညာတွေပဲ ပြောတတ်လို့ မုသားနတ်ရုပ်တဲ့..။ တတိယနတ်ရုပ်ကတော့ စကားကို ဟိုလိုလို ဒီလိုလို ပြောတတ်လို့ နတ်လည်ရုပ် လို့ခေါ်တယ်..။ နတ်ရုပ်သုံးရုပ်စလုံးဟာ တစ်ရုပ်နဲ့တစ်ရုပ် ခွဲမရအောင် တစ်ပုံစံတည်းတွေပဲတဲ့..။
တစ်နေ့တော့ လူတစ်ယောက်က ရောက်လာပြီး နတ်ရုပ်တွေကို မေးတယ်..။ ပထမဆုံး ညာဘက်အစွန်ဆုံးက နတ်ရုပ်ကိုမေးတယ်..
"ခင်ဗျားက ဘာနတ်ရုပ်လဲ"
"ကျူပ်က နတ်လည်ရုပ်ဗျ"
ဒါနဲ့ အဲဒီလူက အလယ်က နတ်ရုပ်ကိုမေးကြည့်တယ်..။
"ဟိုဖက်နတ်ရုပ်က သူ့ကိုယ်သူ နတ်လည်ရုပ်လို့ပြောတယ်.. အဲဒါဟုတ်သလား"
"အာ.. သူက သစ္စာနတ်ရုပ်ဗျ"
အဲဒါနဲ့ အဲဒီလူက အစွန်ဆုံးက နတ်ရုပ်ကို မေးပြန်တယ်..။
"ဟိုဘက်အစွန်ဆုံးက နတ်ရုပ်က သူ့ကိုယ်သူ နတ်လည်ရုပ်လို့ပြောတယ်။ အလယ်က နတ်ရုပ်ကို မေးကြည့်တော့ အဲဒီနတ်ရုပ်က သစ္စာနတ်ရုပ်လို့ ပြောတယ်။ အမှန်က ဘာလဲဗျာ.."
"အမှန်က အဲဒီနတ်ရုပ်ဟာ သစ္စာနတ်ရုပ်လည်းမဟုတ်ဘူး.. နတ်လည်ရုပ်လည်း မဟုတ်ဘူး။ မုသားနတ်ရုပ် ဗျ.."
''ဟာ..ရှုပ်နေတာပဲကွာ.. " ဆိုပြီး အဲဒီလူက လှည့်ထွက်သွားတယ်..ခြေသုံးလှမ်းလောက် လှမ်းပြီးတော့မှ နောက်ပြန်လှည့်ပြီး.. "ဟီးဟီး..သဘောပေါက်သွားပြီ.. တော်တော်နောက်တာပဲ ဗျာ" လို့ပြောပြီး ထွက်သွားတယ်တဲ့..။
အဲဒီတော့ ကျွန်တော်သိချင်တာက ဘယ်နတ်ရုပ်က ဘာနတ်ရုပ်လဲဆိုတာပါပဲဗျာ.. နည်းနည်းလောက် အုံးစားကြည့်ကြပါဦး..။

(၂)
သံတုံးတစ်တုံးကို ချိန်ခွင် မှာချိန်ကြည်.ရာ ..ယင်းသံတုံး ၏ နှစ်ပုံတစ်ပုံ ရှိ သံတုံးတစ်တုံးနှင့် ၅၀ ကျပ်သားအလေးနှစ်ခုပေါင်း နှင့် ညီမျှနေသည်။ ထိုသံတုံး ၏အလေးချိန် ဘယ်လောက်လဲ။

(၃)
၁။ ကျောက်လို့ ရှေ့က စာပါပြီး တော်တော်လေးပျော့တဲ့ စားစရာမုန့်တစ်မျိုးက ဘာပါလိမ့်။
၂။ ၀နှစ်လုံးပါတဲ့ သတ္တ၀ါက ဘာပါလိမ့်။
၃။ လေထဲမှာ ပျံနိုင်တဲ့ကလေးက ?
၎။ မယုံရတဲ့ငါးက ဘာငါးလဲ။
၅။ မချစ်တတ်တဲ့ အသည်းက။
၆။ လေးဘက်လေးတန် ဆွဲထားတဲ့ကြိုး။
၇။ လင်မရှိဘဲ သားမွေး ဓားဘေးနဲ့သေ။
၈။ သူကထက်မြက်သလို အလုပ်လုပ်ရင်လည်း တိကျပြတ်သားတယ်။ သူဘယ်သူလဲ။
၉။ အနီရောင်မရှိတဲ့သွေးက ဘာသွေးပါလိမ့်။
၁၀။ ငယ်ငယ်ကစောင်ခြုံအောက်၊ ကြီးခါမှ ဦးထုပ်ဆောင်း။
၁၁။ အမျိုးသမီးတွေ စကားအနည်းဆုံးပြောတဲ့လဟာ ဘယ်လလဲ။

(၄)
ကြိုးတစ်ချေင်းကို ရေတွင်းထဲသို.ချကြည့်ရာ ရေမျက်နာပြင်နှင့်ထိမိသောအခါ ကြိုးသည်ရေတွင်းနှုတ်ခမ်းဝမှ ၂ပေ ပိုနေသည်။ တစ်ဝက်ခေါက်ပီးချကြည်.ပြန်ရာ ရေတွင်းနှုတ်ခမ်းဝရောက်ဖို.၂ပေ လိုနေသည်။ ရေမျက်နာပြင်မှရေတွင်းဝရှိအရှည်မည်မျှနည်း။ကြိုးရဲ့အရှည်ဘယ်လောက်လဲ။

(၅)
နာရီ တစ်ခုမှာ နံနက် ၆ နာရီ မှ ညနေ ၆နာရီ ထိ လက်တံတို နှင့် လက်တံ ရှည် သည် အကြိမ်မည်မျှ ထပ်မိ မလဲ ..

(၆)
ဘဏ်မှာ ငွေ ၁၀၀၀၀ ကျပ်စုထားခဲ.တယ် .. ငွေ ၁၀၀၀၀ ကို ၆ ကြိမ်ခွဲပီး ထုတ်လိုက်တော. ..
ထုတ်ငွေ ..... လက်ကျန်ငွေ
၅၀၀၀ .... ၅၀၀၀
၂၅၀၀ ..... ၂၅၀၀

၁၀၀၀ ...... ၁၅၀၀

၈၀၀ ...... ၇၀၀

၅၀၀ ....... ၂၀၀

၂၀၀ ...... ဝ

........... ... ..................
၁၀၀၀၀ ... ၉၉၀၀
............ ... ..............
ဘာကြောင်. ၁၀၀ ကွာနေတာလဲ ။

(၇)
ဝါးလုံးအလုံး ၁၀၀ ရှိတယ်
လူကြီးတစ်ယောက်က ဝါးလုံး ၁၀လုံးထမ်းနိုင်တယ်
မိန်းမတစ်ယောက်ကဝါးလုံး ၃လုံးထမ်းနိုင်တယ်
ကလေးနှစ်ယောက်ကဝါးလုံး ၁လုံးထမ်းနိုင်တယ်
လူကြီးရောမိန်းမရောကလေးရော သုံးမျိုးစလုံးပါပြီး
လူဦးရေလည်း ၁၀၀ ဝါးလုံးလည်းအလုံး၁၀၀ ဖြစ်ရမယ်
လူကြီး + မိန်းမ+ ကလေး = ဝါးလုံး
------- + ----- + -------- = -------

(၈)
အပျိုတယောက်နေတဲ့အိမ်ကိုကျောင်းအုပ်ရယ်၊ဆရာဝန်ရယ်၊ဘုန်ကြီးတပါးရယ်လာလည်ကြသည်။အပျိုလေးကထို ၃ ဦးစလုံးကိုကော်ဖီဖြင့်ဧည့်ခံနေစဉ်ရုတ်တရက်ချက်ချင်းမီးပျက်သွားစဉ်အပျိုလေးပါးအားတစုံတဦးနမ်းလိုက်သည်။ ထိုစဉ်မီးပြန်လာသောအခါအပျိုလေးမှာချက်ခြင်းဆိုသလိုဘုန်းတော်ကြီး၏ပါးအားရိုက်လိုက်သည်။
မေးခွန်း -- ထိုအပျိုလေးသည်သူ၏ပါးအားနမ်းသောသူမှာဘုန်းတော်ကြီးဖြစ်သည်ဟုအဘယ့်ကြောင့်သိသနည်း။

(၉)
တခါက လူတစ်ယောက် အထက်မြန်မာပြည်ကို ခရီးသွားတော့ မြို့တမြို့ကို ရောတ်လာတယ်။ ဒါပေမယ့် အဲဒီမြို့နာမည်ကို သူမသိဘူး။ ဒါနဲ့ လမ်းသွားရင်း အဲဒီက ဒေသခံတစ်ယောက်နဲ့တွေ့တော့ ဒီမြို့နာမည် ဘယ်လိုခေါ်သလဲလို့ မေးလိုက်တယ်။ အဲဒါနဲ့ ဟိုလူက ပိုက်ဆံအစိတ် (၂၅ကျပ်) ထုတ်ပြတယ်။ အဲဒါမြို့နာမည်တဲ့။ ဘာမြို့ပါလိမ့်။

(၁၀)
ကျွန်တော်ကျေးရွာလေးတစ်ရွာရောက်တုန်း လယ်သမားတစ်ယောက်ကို မေးမိတယ်။ အလုပ်သမား ဘယ် နှယောက်ရှိလဲ့ပေါ့။သူကဘာပြန်ပြောလည်း သိလား။ သူ့လယ်မှာ
တစ်ဝက်က လယ်ထွန်တယ်...၄ပုံ ၁ပုံက ပျိုးကျဲတယ်။ ၇ ပုံ ၁ပုံက ပေါင်းနှုတ်တယ်။ ၁၄ ပုံတစ်ပုံက ကျန်တဲ့လူတွေအတွက် ထမင်းဟင်းချက်တယ်။ နောက်ဆုံးကျန်တဲ့တစ်ယောက်ကတော့ သူ့လက်ထောက်တဲ့။အဲ့တာ ကျွန်တော် ပိန်လွန်းလို့ အလုပ်သမားဘယ်လောက်ရှိမှန်း တွက်မရ ဖြစ်နေတယ်။ သူငယ်ချင်းတို့က တော်တို့ ကူတွက်ပေးကျပါ အားကိုးပါတယ်............။။။။။။။။။။။

(၁၁)
သူတို နှစ်ခုကြားထည်း ရောက်တဲအရာတိုင်း ပြတ်ပြတ်သားသား ဖြစ်သွားကြတယ်....အဲနှစ်ခုကဘာလည်း????????????

(၁၂)
သူငယ်ချင်း၃ယောက် ကော်ဖီဆိုင်တစ်ခုကိုသွားတယ်။ကော်ဖီတစ်ခွက်ကို ၂၅ကျပ်။ အဲ့တော့ ၃ယောက် ကော်ဖီမှာသောက်လိုက်တယ်။ ကျသင့်ငွေက ၇၅ ကျပ် အဲ့တာကို စားပွဲထိုးလေးကိုပေးလိုက်တယ်။ ကောင်တာကို စာပွဲထိုးလေးကသွားပေးတော့ ဆိုင်က အသစ်မိုလို့ မိတ်ခေါ်တဲ့အနေနဲ့ ၅ကျပ်လျှော့ပေးလိုက်တယ်။ အဲ့တာကို စားပွဲထိုးလေးက တစ်ယောက်ကို တစ်ကျပ်စီပြန်ပေးပြီး ၂ကျပ်ကို သူ ယူလိုက်တယ်။ အဲ့တော့ ကော်ဖီတစ်ခွက်ကို တစ်ယောက်ချင်းစီအတွက် ၂၄ ကျပ်ပဲ ကျတော့တယ်။ ၃ယောက်စာအတွက်ဆို ၇၂ ကျပ်ပဲ ကျတယ်.. စားပွဲထိုးလေးက ၂ကျပ်ယူသွားတော့ အားလုံးပေါင်း ၇၄ ကျပ်။သူတို့ ပေးလိုက်တာ ၇၅ ကျပ် ဒီလိုဆို ပိုက်ဆံ တစ်ကျပ်ပျောက်နေတယ်။အဲ့တာဘယ်မှာလည်း ရှာပေးကျပါ....

(၁၃)
ပွဲတကာ့ ပွဲတွေထဲမှာ ဆူညံမှုမရှိတဲ့ပွဲက ဘာပွဲလဲ.... (တကယ့်ကျင်းပရတဲ့ ပွဲနော်..)

(၁၄)
၁။ မြန်မာဂဏန်းတစ်လုံးနဲ့တူတဲ့ သက်ရှိသတ္က၀ါကို သိပါသလား...။
၂။ အတာင်ပံမပါ စက်မပါဘဲနဲ့ လေပေါ်ပျံဝဲလို့ရတာ ဘာဖြစ်မလဲ..။
၃။ အိမ်တိုင်းလိုလိုမှာမှာရှိတဲ့ စက်ကိရိယာတစ်မျိုးဟာ လူတစ်ချို့မှာဖြစ်လေ့ဖြစ်ထ ရှိတဲ့ရောဂါတစ်မျိုးနဲ့တူနေတယ်..။ အဲဒါ ဘာလို့ထင်လဲ..။
၎။ ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါးက မိတ်ဆွေမင်းပဲဖြစ်ဖြစ်၊ ရန်သူမင်းပဲဖြစ်ဖြစ်၊ ဘယ်မင်းကိုမဆို ကြည်ဖြူတယ်။ ဒါပေမယ့် သူမကြည်ဖြူတဲ့ မင်းတစ်ပါးတော့ရှိတယ်။ အဲဒါ ဘယ်မင်းလို့ ထင်လဲ..။

(၁၅)
သီပေါမင်းပါတော်မူတဲ့အချိန် အိန္ဒိယနိုင်ငံဘုံဘေသို့သွားမည့်သင်္ဘောပေါ်တက်တဲ့အခါ သီပေါမင်းလက်ကိုဘယ်သူဆွဲလဲ???

(၁၆)
ရုပ်ရှင်ရုံတွင် လက်မှတ်တန်းစီ ၀ယ်ယူနေစဉ် သင်သည်လူ ၇ယောက်မြောက် ရှေ့နောက်ဖြစ်နေသော် တန်းစီနေသူ မည်မျှရှိသနည်း။

(၁၇)
၁။ သွားတော့ခွေခွေ နေတော့စင်းစင်း။
၂။ ဆယ့်ခြောက်ပြည်ပိုင်စိုး၊ မင်းမျိုးတဲ့ရာဇာ၊ ရှေးကုသိုလ်ကံမကောင်းသော်ကြောင့်၊ ခါးခြေလက်မပါ။
၃။ သဒ္ဓါလည်း မတတ်၊ ပရမတ်လည်းမကျေ၊ လူရှေ့မှာလည်းနေ၊ မှန်လျှင် မှန်စေ၊ မမှန်လျှင် လျှာထုတ်ပြသည်။
၎။ ခြေ၈ချောင်း၊ ခေါင်းဘယ်ညာ၊ အမြီးခါးလယ်မှာ။
၅။ ချောင်းငယ်ကောက်ကောက်၊ ရေလယ်နောက်နောက်။
၆။ ငုတ်ချည်ပေါ်ချည်၊ သူ့ဖင်ကိုကြိုးနဲ့ချည်။
၇။ နတ်သမီးတံတွေးပေါက်၊ ကြက်မကောက်နိုင်။




မေးခွန်းလေးတွေ မေးပေးတဲ့ ဥာဏ်စမ်းဂရုက သူငယ်ချင်းတို့ကို ကျေးဇူးတင်ပါတယ်။ အဖြေလေးတွေကို သိချင်တယ်ဆိုရင်တော့ ဒီမှာ ၀င်ကြည့်လိုက်နော်..။

ရဲရင့်ကိုကို




No comments: