Sunday, July 29, 2012

ဖတ်မိ မှတ်မိသမျှ ဟာသတိုများ(2)


လက်ညှိုးထောင်ခိုက် ခေါင်းညိတ်လိုက်သော်
တစ်ခါက အရမ်းကိုခေါင်လွန်းလှတဲ့နယ် မြို့လေးတစ်မြို့ရဲ့ကျန်းမာရေးဌာနတစ်ခုမှာ 

သူနာပြုဆရာမလေး တစ်ယောက်တာဝန်ထမ်းဆောင်နေတယ်။ သူက (အပျို)ပေါ့။ 

တစ်နေ့တော့ အဲဒီ မြို့နယ်အပိုင် ဝေးလံခေါင်သီတဲ့ ရွာတွေများ ကလေးမွေးဖွားနှုန်းတွေ 

များလွန်းနေတဲ့အတွက် လူဦးရေလျှော့ချဖို့ ရည်ရွယ်ပြီး သားဆက်ခြားရေးစီမံချက်အရ 

အဲဒီရွာတွေကို တိုင်းကျန်းမာရေးဌာနက တာဝန်ရှိသူတွေ၊ မြို့နယ်ကျန်းမာရေးဌာန က 

ကျန်းမာရေးမှူး ဆရာဝန်ကြီးတွေကိုယ်တိုင် ကွင်းဆင်းပြီး သားဆက်ခြားရေး စီမံချက် 

အတွက် ရွာသားတွေကို ကျန်းမာရေးအသိပညာတွေ ဟောပြောပေးဖို့ အထူးစီမံချက် 

အနေနဲ့သွားကြရတာပေါ့။
        ဆရာဝန်ကြီးတွေ၊ လူကြီးတွေက အဲဒီမှာ ကျန်းမာရေးအသိပညာတွေကို 

ရွာသားတွေ သိရှိအောင် ဟောပြောသရုပ်ပြဖို့ သူနာပြုဆရာမလေးကို တာဝန်ပေး 

တာပေါ့။
ဟောပြောရမယ့် အကြောင်းအရာက သားဆက်ခြားဖို့ ကွန်ဒုံးသုံးစွဲဖို့ ဆိုတဲ့ 

အကြောင်းအရာပါ။
စီမံချက်ဆောင်ရွက်မယ့် ရွာကိုရောက်အောင် တောတွေဖြတ် တောင်တွေကျော် နဲ့ခက်ခဲပင်ပန်းကြမ်းတမ်းစွာ သွားကြရတာပေါ့။ ရွာကိုရောက်တော့ရွာသားတွေအားလုံး ကို ခေါ်ပြီး ရွာကဘုန်းကြီးကျောင်းမှာ ဟောပြောပွဲလုပ်တော့တာပဲ။
တိုင်းနဲ့မြိုနယ်အဆင့်ဆရာဝန်ကြီးတွေရဲ့ဟောပြောဆွေးနွေးမှုအပြီးမှာတော့ 
 သူနာပြုဆရာမလေးအလှည့်ပေါ့။ အဲဒီမှာပြသနာစတော့တာပါပဲ။ ရွာသားတွေ၊ 
 လူကြီးတွေအားလုံးရဲ့အရှေ့မှာ သူပြောရတော့မှာကိုး။ ပြီးတော့ အပျိုကလဲဖြစ်ပြန် ပြောရမှာကလဲ ရှေ့မှာ ယောက်ျားသားတွေချည်း။ ပြောရ သရုပ်ပြရမယ့် အကြောင်းအရာကလဲ ကွန်ဒုံးသုံးစွဲပုံသုံးစွဲနည်း။ ခက်တော့နေပါပြီ။
ရှက်ကလဲရှက်။ ကြောက်လဲကြောက်နဲ့ မထူးတော့ပါဘူးဆိုပြီးပြောချရတော့တာ ပေါ့။ ပြောပုံကကြည့် (
 ရှင်တို့ ညအိပ်ခါနီးရင်လေ………..ရှင်တို့ဟာကို ဟိုလေ…… ရှင်တို့ဟာလေ သိတယ်မဟုတ်လား ဆိုပြီး လက်ညှိုးလေးထောင်ပြသတဲ့။
ရွာသားတွေက ဟုတ်ကဲ့…ဟုတ်ကဲ့ပေါ့။ ပြီးတော့မှလက်ညှိုးလေးထောင်ပြရင်းက
ရှင်တို့ဟာကိုလေ အပေါ်ကနေဟောဒီလို စွပ်ချရတယ် …….ဆိုပြီး ကွန်ဒုံးလေးကို စွပ်ပြလိုက်ရော။
အဲဒီလိုလုပ်ပြီးမှ အိပ်ယာဝင်ကြပါ..လို့ပြောတယ်။  ပြီးတော့ရွာသားတွေကိုလည်း
ရှင်းကြရဲ့လား။ လွယ်လွယ်လေးပါလို့မေးလိုက်တော့….. ရွာသားတွေကလည်း ရှင်းပါတယ်ဆရာမဆိုပြီး ခေါင်းလေးတွေ ညိတ်ပြကြတာပေါ့။
အဲဒီလိုနဲ့ ဟောပြောပွဲပြီးတော့ ရွာသားတွေကို သူတို့နဲ့အတူပါလာတဲ့ ကွန်ဒုံး တွေကို ဝေပေးပြီးမှ ပြန်လာကြသတဲ့။
နောက်တစ်နှစ်ကြတော့ အဲဒီရွာရဲ့ ကလေးမွေးဖွားနှုန်းကို စာရင်းကောက်ကြည့် တဲ့အခါ……….. မနှစ်ကထက် (နှစ်ဆ) ပိုများနေသတဲ့။ အဲဒီမှာတင် လူကြီးတွေနဲ့အတူတူ အဲဒီသူနာပြုဆရာမလေးပါ မျက်လုံးတွေပြူးပြီး ပြာပြာသလဲ အဲဒီရွာကို အပြေးသွားကြရတော့တာပေါ့။
ရွာရောက်တော့ ချက်ခြင်းဆိုသလဲရွာသားတွေကိုစုပြီး မေးမြန်းကြရတော့တာပေါ့။ သူနာပြုဆရာမလေးက ဒေါသတကြီးနဲ့ ရွာသားတွေကို
ရှင်တို့ကလေးမွေးနှုန်းက မနှစ်ကထက် (နှစ်ဆ) ပိုများလာတယ်။ မနှစ်က ကျွန်မတို့ လာပြီးဟောပြောသလို မလိုက်နာကြဘူးလား။ ကျွန်မတို့ပေးသွားတဲ့ ဟိုပစ္စည်းလေးရော မသုံးကြဘူးလားလို့ မေးသတဲ့။
အဲဒီအခါ ရွာသားတစ်ဦးက ပြန်ပြောတာကတော့………..
အမယ်လေးသုံးတာပေါ့ဆရာမလေးရယ် ဆရာမလေးမှာသလိုသေသေချာချာကို လုပ်တာပါဗျာ……… ကျွန်တော်တို့အားလုံး ညအိပ်ရာမ၀င်ခင်မှာလေ ကျွန်တော်တို့ရဲ့ လက်ညှိုးကိုဟေားလိုထောင်….. ဆရာမလေးတို့ပေးသွားတဲ့ဟာလေးကို ဟောဒီလိုစွပ်…. ပြီးမှ မီးမှုတ်ပြီးအိပ်ယာဝင်ကြတာပါ……………… အဲဒါ ဆရာမလေးတို့ ပေးထားတဲ့ဟာလေးရဲ့ အစွမ်းမထက်မှာစိုးလို့လေ ကျွန်တော်တို့ မိုးလင်းတဲ့ အထိတောင် အဲဒီလက်ညှိုးကို အောက်ပြန်မစိုက်ပါဘူးဗျာ……………တဲ့။

ဘယ်သူတုန်းဟ
ကမ္ဘာ့အလှမယ်ရွေးချယ်ပွဲပြီးဆုံးသွားတော့ ပထမဆုဆွတ်ခူးရရှိသွားတဲ့ အလှမယ်လေးနားမှာ သတင်းထောက်တွေ ဓါတ်ပုံသမားတွေ တီဗီအစီအစဉ်ရိုက်ကူးသူတွေ၊ ပရိတ်သတ်တွေနဲ့ ၀ိုင်းဝိုင်းလည်နေတာပေါ့။
အဲဒီအချိန်မှာပဲ ဆုရအလှမယ်လေးက အားလုံးကို ကြေငြာလိုက်ပါလေရော……
ဒီဆုကို ဆွတ်ခူးရရှိတဲ့အတွက် ကျွန်မ အရမ်းကို ၀မ်းသာမိပါတယ်…….
အဲဒီလိုပါပဲ ဟောဒီမှာရှိတဲ့လူတွေအားလုံး ပျော်ရွှင်ဝမ်းသာသွားရအောင် ကျွန်မအစီအစဉ်လေးတစ်ခုရှိပါတယ်……. အားလုံးပဲကျွန်မနောက်လိုက်ခဲ့ကြပါ…..
ဆိုတော့……….အားလုံးကလည်း ဘာများပါလိမ့်ဆိုပြီး သူ့နောက်ကို လိုက်သွားကြတာပေါ့….။
မလှမ်းမကမ်းက ရေကူးကန်နားရောက်တော့ အလှမယ်လေးက ကန်တစ်ဖက်မှာ နေရာယူပြီး ကျန်တဲ့သူတွေကတော့ အခြားတစ်ဖက်မှာပေါ့……
အဲဒီမှာပဲ အလှမယ်လေးက မိုက်ကရိုဖုန်းနဲ့ကြေငြာပါတယ်….
ကျွန်မက အားလုံးအတွက် မင်္ဂလာရှိတဲ့သတင်းလေးကို ပြောပြပါ့မယ်…
ကျွန်မကဒီရေကူးကန်လေးရဲ့ တစ်ဖက်မှာရပ်နေပါ့မယ်…..  လူကြီးမင်းတို့အထဲက ကျွန်မကိုတစ်ကယ်ချစ်မြတ်နိုးပြီး၊ လိုချင်တဲ့သူများရှိရင် အဲဒီကနေကျွန်မဆီကို ဒီရေကန်ကိုဖြတ်ကူးပြီး လာနိုင်တဲ့သူများရှိရင် ပထမဆုံးရောက်တဲ့သူကို ကျွန်မက အနမ်းနဲ့ဆီးကြိုပြီး….. လက်ထပ်ယူပါ့မယ်….ဒါပေမယ့် ဒီရေကန်ထဲမှာ မိကျောင်း အကောင် (၅၀)ရှိပါတယ် လို့ ကြေငြာသတဲ့…..
လူတွေအားလုံးလဲ လှုပ်လှုပ်ရှားရှားဖြစ်ကုန်တာပေါ့။ အလှမယ်လေးကို လိုလည်းလိုချင်၊ မိကျောင်းရန်ကိုလည်းကြောက်တော့ဘာဆက်လုပ်ရမှန်းမသိ ဖြစ်ကုန်တာပေါ့….။
အဲဒီမှာတင်လူတစ်ယောက်က ဘာမပြောညာမပြောနဲ့ ရေကန်ထဲကို ၀ုန်းကနဲခုန်ဆင်းပြီး မိကျောင်းတွေရန်ကလွတ်အောင် တစ်ဖက်ခြမ်းကို မနည်းအသက်လုပြီး ကူးသွားသတဲ့…….။
ကံကောင်းစွာနဲ့ပဲ တစ်ဖက်ခြမ်းကိုရောက်သွားတော့ အသက်လုပြီးကူးပြေးလာခဲ့ရတဲ့အတွက် ကန်ဘောင်လေးပေါ်မှာ မောပန်းပြီး အသက်တောင်မနည်းရှူနေရတာပေါ့။ အဲဒီမှာပဲ ပရိသတ်တွေရော အလှမယ်လေးကပါ သူ့ဆီကိုပြေးလာကြပြီး……။ အကုန်လုံးက တစ်ခဲနက်အားပေးကြတာပေါ့။ အသက်စွန့်ပြီးချစ်တဲ့သူ…… အာဂယောက်ျား…… ဘာညာပေါ့ဝိုင်းပြီး သြဘာပေးကြတာပေါ့။
အလှမယ်လေးကလည်း သူ့အပေါ်မှာ တကယ့်အချစ်စစ်နဲ့ချစ်တဲ့သူ ဆိုပြီး အားရ၀မ်းသာစွာနဲ့ အနမ်းပေးမယ်လုပ်တာပေါ့……။ အဲဒီမှာပဲ ခုဏရေကန်ထဲကနေ အသက်လုပြီးရေကူးလာတဲ့လူက ………..
ခဏလေးနေကြပါဦးဗျာ…… ကျွန်တော်မောနေလို့ပါ……………. ပြီးတော့ ကျွန်တော် တစ်ခုလောက်မေးချင်လို့ပါ……………
ဆိုတော့ အားလုံးကလည်း ဘာသိချင်လို့လဲ… ဆိုပြီးပြောတာပေါ့…..
အဲဒီမှာပဲရေကူးလာတဲ့လူက……
အခုန ဟိုဘက်မှာရပ်နေတုန်း ရေကန်ထဲကို နောက်ကနေ ဆောင့်ကန်ချလိုက်တာ ဘယ်သူလဲဗျာ ………..တဲ့။

လက်နက်အစုံအလင်ပါလို့
တစ်ခါက ငါးမျှားဝါသနာပါတဲ့အမျိုးသားနဲ့ စာဖတ်တာဝါသနာပါတဲ့အမျိုးသမီးတို့ ဇနီးမောင်နှံဟာ ကန်တစ်ခုထဲမှာ လှေကလေးစီးပြီး အပန်းဖြေကြတာပေါ့..။ အမျိုးသားက သူဝါသနာပါတဲ့အတိုင်းငါးမျှားပြီး အမျိုးသမီးကတော့ စာဖတ်ရင်းလိုက်ပါလာတယ်..။ တော်တော်ကြာတော့ အမျိုးသားက ငါးမျှားကိရိယာတန်ဆာပလာတွေကို ဘေးမှာချပြီး အိပ်ပျော်သွားတယ်. . အမျိုးသမီးကတော့ စာဆက်ဖတ်နေတာပေါ့.. အဲဒီအချိန်မှာ ရဲလှေတစ်စီးရောက်လာပြီး လှေပေါ်ကရဲကမေးတယ်..
"ခင်ဗျားဘာလုပ်နေတာလဲအမျိုးသမီး"
"ကျွန်မစာဖတ်နေတာလေ"
"မဟုတ်ပါဘူး ခင်ဗျားငါးမျှားနေတာပါ.. ဒီနေရာက ငါးမမျှားရဘူးဆိုတာ ခင်ဗျားသိတယ်မဟုတ်လား.."
"အင်းလေ.. အခုက ကျွန်မစာဖတ်နေတာလေ.."
"ခင်ဗျားမငြင်းပါနဲ့… ခင်ဗျားဘေးမှာ ငါးဖမ်းဖို့အတွက် လက်နက်ကိရိယာတွေပါတယ်..အဲဒီတော့ ခင်ဗျားကိုဒဏ်ရိုက်ရမယ်.."
"ကျွန်မကိုဒဏ်ရိုက်မယ်ဆိုရင် ကျွန်မလည်းရှင့်ကို မုဒိန်းမှုနဲ့တရားပြန်ဆွဲရလိမ့်မယ်.."
"ဘာဆိုင်လို့လဲ.. ခင်ဗျားကိုကျုပ်လက်နဲ့တောင်မထိဘူးနော်.."
"လက်နဲ့တောင်မထိတာတော့ဟုတ်ပါတယ်. . ဒါပေမယ့် ရှင့်မှာလည်းလက်နက် ကိရိယာတွေ အစုံအလင်ပါတယ်လေ…"

မင်းတော်တယ်
အင်တာဗျူးတစ်ခုတွင်ဖြစ်သည်။
ပထမတစ်ယောက်ကို သူဌေးကမေးတယ်..
"တစ်နဲ့တစ်ပေါင်းရင် ဘယ်လောက်ရလဲ.."
ထိုသူက၀မ်းသာအားရ..
"တစ်နဲ့တစ်ပေါင်းရင် နှစ်ပေါ့ဆရာ.."
"မင်းတော်တော်အသုံးမကျတဲ့ကောင် သွားတော့…"
ဒုတိယတစ်ယောက်..
"တစ်နဲတစ်ပေါင်းရင်ဘယ်လောက်ရလဲ.."
ဒုတိယလူက ပထမတစ်ယောက်ဖြေထားတာကို အပြင်မှာကြားထားတော့ ဒီလိုဖြေတယ်..
"တစ်နဲ့တစ်ပေါင်းရင် သုံးပါဆရာ.."
"မင်းလည်းအသုံးမကျဘူး.. သွားတော့.."
"တတိယတစ်ယောက်"
"ထပ်မေးတယ်.. တစ်နဲ့တစ်ပေါင်းရင်ဘယ်လောက်လဲ…"
တတိယလူက ဟိုကြည့်ဒီကြည့်လုပ်တယ်.. ပြတင်းပေါက်တွေကိုပြေးပိတ်တယ်.. ပြီးတော့သူဌေးအနားကိုအသာအယာလေးကပ်သွားပြီး
"ဆရာက ဘယ်လောက်ဖြစ်စေချင်တာလဲ…ပြောပါ"
"မင်းတော်တယ် .. မင်းကိုအလုပ်ခန့်လိုက်ပြီ"

ရှက်လို့
တစ်ခါက အလွန်အရှက်အကြောက်ကြီးတဲ့အပျိုကြီးညီအစ်မနှစ်ယောက်ကို အဖေလုပ်သူက လူကြားထဲတိုးရဲအောင် မောင်မြန်မာပြိုင်ပွဲကိုလက်မှတ်ဝယ်လာပြီး သွားကြည့်ခိုင်းတယ်..
အပျိုကြီးနှစ်ယောက်လည်း ဖခင်ကိုမလွန်ဆန်နိုင်တာနဲ့ ကြောက်ကြောက်နဲ့ သွားကြည့်ကြတာပေါ့..
ပြန်လာတော့ မျက်နှာတွေရွှင်လန်းလာတဲ့အပျိုကြီးနှစ်ယောက်ကို ဖခင်က ၀မ်းသာအားရမေးတယ်..
"မောင်မြန်မာပွဲသွားကြည့်တာ ကောင်းရဲ့လားသမီးတို့"
"ဟုတ်..အဖေ.. ကောင်းပါတယ်.. မိန်းကလေးတွေပြိုင်ကြတုန်းကတော့ ကြည့်လို့ ကောင်းပါတယ်အဖေရယ်..ယောက်ျားလေးတွေပြိုင်တော့အဖေရေ.. အ၀တ်ဗလာနဲ့ဆိုတော့ ရှက်ဖို့ကောင်းလိုက်တာ.. အဲဒါနဲ့ သမီးတို့လည်း မျက်လုံးကို လက်နဲ့ကွယ်ပြီး မောင်မြန်မာတွေရဲ့အ၀တ်ပါတဲ့နေရာကိုပဲ ကြည့်ပြီးပြန်လာခဲ့ရတယ်…"

ဖတ်မိ မှတ်မိသမျှလေးတွေပါ ...မူရင်းရေးသားသူတွေနဲ့ လာရောက်ဖတ်ရှုသူ သူငယ်ချင်းများကို ကျေးဇူးအထူးတင်ပါတယ်...။
                                                                            ရဲရင့်ကိုကို 

ရည်းစားထားနည်း

(၁)

မင်းချစ်သူုဟာ

သူ့ ရည်းစားဟောင်းအကြောင်း ပြောရရင် သိပ်ပျော်မယ်။

သူ့ ကိုဟိုကဘယ်လောက်သဘောကျကြောင်း

ဘယ်လို တမ်းတမ်းစွဲဖြစ်ကြောင်း

ဘယ်ာထိ အောက်ကျခံကြောင်း

တွေပြောလိမ့်မယ်။

တစ်ခုမှမဟုတ်ဘူး၊ မယုံနဲ့ ။

သဝန်လည်းတိုမနေနဲ့ 

အဲဒါ သက်သက်ကြွားတာ ....

သူ့ ကိုသူတန်ဖိုးမြင့်တာလဲပါတယ်။

မင်းက

အံ့သြသလိုလို၊ နည်းနည်းလဲသဝန်တိုသလိုလို

မျက်နှာပေးနဲ့  နားထောင်ပါ။

ဒါဆိုသူ သိပ်ကျေနပ်လိမ့်မယ်။

(၂)

မင်းချစ်သူရဲ့  မိဘတွေကို

ရဲရဲတင်းတင်း ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ။

သိပ်လည်းမရောနဲ့ ၊သိပ်လည်းမစိမ်းနဲ့ ။

မင်းတစ်ခု သတိထားရဖို့ က

မင်းနဲ့ ဘယ်လောက်ပဲ ရင်းနှီးသွားသွား

ဒါဟာ သူတို့ အတွက်

မင်းကို အကဲခတ်ဆဲကာလပဲဖြစ်တယ်။

အနေအထိုင် ဆင်ခြင်ပါ။

(၃)

မင်းချစ်သူ က

မင်းအကျင့်တွေ တော်တော်များများကို

ဟိုဟာမကြိုက်ဘူး၊ ဒါမကြိုက်ဘူး

ပြောလိမ့်မယ်။

အဲဒီထဲက မင်းလဲ မကြိုက်တာတွေကို

စွန့် ပစ်လိုက်ပါ။

မပြင်နိုင်တာတွေကို မသိချင်ယောင်ဆောင်လိုက်၊

ဆက်ပြောရင်လည်း

နားမလည်ချင်ယောင်ဆောင်လိုက်

ကြာရင် ပြောဖို့ တောင် သူမေ့သွားရော။

(၄)
မင်းချစ်သူက

မင်းနဲ့ ဘာသာမတူရင်

သူနဲ့ 

ဘာသာရေးအကြောင်းဘယ်တော့မှ မပြောနဲ့ ။

မင်းရဲ့  ဘာသာရေးဆိုင်ရာ

နေရာတွေ၊ ပွဲလမ်းတွေကို

ဘယ်တော့မှ

သူ့ ကိုခေါ်မသွားနဲ့ ။

(၅)

ချစ်ကြပြီး သိပ်မကြာခင်မှာပဲ

မင်းဘဝမှာ သူ့ ကိုအချစ်ပဲ ...တို့ 

သူကလွဲလို့  မချစ်နိုင်တော့ဘူး...တို့ 

မကြာခင် လက်ထပ်တော့မယ်....တို့ 

လျှောက်မပြောပါနဲ့ 

ခဏစောင့်ကြည့်ပါဦး။

(၆)

ချစ်သူဘဝဆိုတာ...

တစ်ယောက်ရဲ့  အကျင့်ကို တစ်ယောက်

အသေးစိတ်လေ့လာစရာ အချိန်ပဲ၊

အသေးမွှားဆုံးထိလေ့လာပါ

မျက်စိရှင်ရှင်ထားပါ၊ အကင်းပါးပါ။

(၇)

မင်းချစ်သူရဲ့ 

အစ်ကိုတွေ၊ မောင်တွေကို

ချော့ပေါင်းပါ။

ဒါပေမဲ့ သိပ်မပူးကပ်စေနဲ့ ၊

မင်းတို့  လက်ထပ်ပြီးတဲ့အခါ

သူတို့ ဟာ ဘာမှအရေးမပါတော့ဘဲ

ဖြစ်သွားလိမ့်မယ်။


(၈)

မင်းချစ်သူနဲ့ 

လက်ထပ်ပြီးတဲ့အခါ နေဖို့ 

နေရာစဉ်းစားတဲ့အခါ.....


နှစ်ဖက်မိဘတွေနဲ့  အနီးအနားကို

ဘယ်တော့မှ မစဉ်းစားလေနဲ့  .......။

(၉)

မင်းရဲ့  သူငယ်ချင်းစုံတွဲတွေ ဆက်ဆံရေးကို

လေ့လာပါ။

ဒါမှ

မင်းချစ်သူကို ဘယ်လိုဆက်ဆံရမလဲ

သိလိမ့်မှာ...။

(၁၀)

ကိုယ့်ချစ်သူကြောင့်တော့

ကိုယ်ရပ်တည်ချက်ကို

ဘယ်တော့မှ အပျက်မခံနဲ့ ၊

အချစ်ဟာ မင်းကို

ပိုပြီး လူဆန်အောင်လုပ်ပေးတဲ့အရာပေမယ့်

လူဖြစ်အောင်လုပ်ပေးတဲ့အရာတော့မဟုတ်ဘူး။

(၁၁)

မင်းချစ်သုက

သူ့ ကိုလက်ထပ်ဖို့ ဆိုရင်

လိုချင်တဲ့ (မင်းဖြည့်ဆည်းပေါ်ရမယ့်)အချက်တွေ

အများကြီး ပြောပြတတ်တယ်။

စိတ်ညစ် မသွားပါနဲ့ 

တွေ့ ခါစမို့ ။

ရည်းစားသက်ရင့်လာလေ

အဲဒီစာရင်းက လျှော့သွားလေပဲ

နောက်ဆုံး

လက်ထပ်ခါနီးဆို

ဘာမှတောင်ကျန်မှာ မဟုတ်ဘူး

အဲဒီလို စာရင်းဘယ်တော့မှ မလျှော့သွားသူကိုတော့

သတိထားပါ။

(၁၂)

ချစ်သူနဲ့လမ်းသွားရင်

တခြားကောင်မလေးလှလှတွေ မြင်တဲ့အခါ

မမြင်သလိုနေပါ

မကြားသလိုပြုပါ

ဒါဟာ....

မင်းကို မင်းချစ်သူအလွယ်ဆုံးသဘောကျစေနည်း

ဖြစ်တယ်။

(၁၃)

လက်မထက်ခင်မှာ

အရေးကြီးတဲ့ ကိစ္စတွေအတွက်

တစ်ယောက်နဲ့  တစ်ယောက်

ရှင်းရှင်းလင်းလင်း ခွဲခြားထားပါ၊

မကျေနပ်မှု သေးသေးလေးတွေဟာ

မကျေနပ်မှု အကြီးကြီးတွေကို ဖြစ်စေတတ်ကြောင်း

သတိပြုပါ၊

(၁၄)

မင်းချစ်သူရဲ့ မိဘတွေဆီက

အကောင်းဆုံးမျက်နှာရစေတဲ့ နည်းဟာ

သူတို့  ကိစ္စဝိစ္စတွေကို

ထိထိရောက်ရောက် ကူညီလုပ်ကိုင်ပေးဖို့ 

ဖြစ်တယ်။

တဖြည်းဖြည်း မင်းဟာ

မရှိမဖြစ် ဖြစ်လာအောင်

လုပ်ပါ။

(၁၅)

စိတ်ပါသည်ဖြစ်စေ

စိတ်မပါသည်ဖြစ်စေ

မင်းချစ်သူ ဝါသနာပါတဲ့ ကိစ္စတွေမှာ

မင်းလည်း စိတ်ဝင်စားအောင် လုပ်ပါ။

ချစ်သူဆိုတာ

တစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်းမတူတောင်

နားလည်လက်ခံပေးမှု ရှိသင့်တယ်။

(၁၆)
မင်းချစ်သူနဲ့  ပတ်သတ်လို့ 

မင်းလက်မခံနိုင်တဲ့ အရာကို

သူ့ ဆီ ရှင်းရှင်းလင်းလင်း အသိပေးထားပါ။

ဒါပေမယ့်

မင်းလက်မခံနိုင်တာဟာ

အဲဒီအရာသာဖြစ်ကြောင်း

သူ မဟုတ်ကြောင်းကိုလဲ

မင်းချစ်သူ ရှင်းရှင်းလင်းလင်း သိပါစေ။

(၁၇)
ရည်းစားထားချင်းဆိုတာ

ဘဝကို အခြားသူတစ်ဦးနဲ့ 

ဝေမျှနေထိုင်တတ်ဖို့ 

သင်ယူခြင်းလဲ ဖြစ်ပါတယ်။

အသိဥာဏ်၊ ပိုင်ဆိုင်မှု၊ ခံစားမှုနဲ့ 

အမြင်....အယူအဆတွေအားလုံး

မင်းချစ်သူနဲ့ 

ဝေမျှနေထိုင်တတ်ဖို့  ကြိုစားပါ။

(၁၈)
စိတ်ရှည်သည်းခံပါ။

မင်းချစ်သူမှာလည်း

ကိုယ်ပိုင်ဘဝ ရှိသေးကြောင်း

သတိပြုပါ။

ချစ်တယ် ဆိုခြင်းဟာ

မင်းကို သူ့ ကိုယ်ပိုင်ဘဝထဲမှာ

ကျူးကျော်ခွင့်ပေးထားခြင်း

မဟုတ်ပါ။

(၁၉)

သိပ်အရေးမကြီးတဲ့ ကိစ္စတွေမှာ

မင်းချစ်သူကို

အလျှော့ပေးလိုက်ပါ။

ကိစ္စသေးသေးမွှားမွှားတွေမှာ အလျှော့ပေးပြီး

တည်တည်ကြည်ကြည်နေပြခြင်းဟာ

ကြာတဲ့အခါ မင်းဩဇာပိုညောင်းစေဖို့ 

ဖြစ်စေလိမ့်မယ်။

(၂၀)

လက်မထပ်ခင်မှာ

မင်းဖုံးကွယ်၊ သိုဝှက်ထားသမျှ ဖွင့်ပြောပါ။


မင်းချစ်သူဟာ

မင်းအပြစ်အားလုံးကို နားလည်ပြီး

လက်ခံနိုင်ဖို့ ...

ဖျောင်းဖျပါ။
 
လူမှန်ရင်ချွတ်ယွင်းချက်မကင်းဘူး

ဒါကို မင်းချစ်သူ သဘောပေါက်ပါစေ။


(၂၁)

မင်းသူငယ်ချင်းတွေနဲ့ 

မင်းချစ်သူ ရဲ့  သူငယ်ချင်းတွေကို

ခင်မင်ရင်းနှီးသွားအောင်

အားထုတ်လုပ်ဆောင်ပါ။

မင်းတို့  ပြဿနာဖြစ်တဲ့အခါ

သူတို့ ဟာ

အကောင်းဆုံးဖြေရှင်းပေးသူတွေ

ဖြစ်လာလိမ့်မယ်။


(၂၂)

နှစ်ဦးသားလက်ထက်တယ်ဆိုတဲ့ 

ကိစ္စဟာဘဝမှာ အင်မတန်လေးနက်တဲ့ကိစ္စ ဖြစ်ကြောင်း

သဘောပေါက်ပါ။

လက်မထက်ခင်မှာ

ကြိုသိသင့်သမျှတွေ အကုန်လေ့လာပါ။

(၂၃)

နေရာတကာဝင်ပါတတ်တဲ့

ယောက္ခမလောင်းတွေကို သတိထားပါ။

မင်းတို့ ဘဝမှာ

သူတို့ မပတ်သက်စေချင်တဲ့  ကိစ္စမျိုးကို

အတိအကျ

ပိုင်းဖြတ်စည်းခြားထားပါ။

(၂၄)

ဘာစကားပြောပြော

မပြောခင် စဉ်းစားပါ။

ချစ်သူ နှစ်ယောက် ကွဲကွာသွားဖို့ အတွက်

အဓိကဖြစ်ရပ်ဟာ

စကားများချင်းနဲ့  အစပြုတတ်တယ်၊


မင်းစကားထဲကနေ...မင်းချစ်သူဟာ

မလိုလားစရာတွေ၊ သံသယဖြစ်စရာတွေ

တွေ့ သွားတတ်တယ်။

မလိုအပ်ရင် ပါးစပ်ပိတ်ထားပါ။

(၂၅)

မင်းချစ်သူရဲ့  မိဘတွေနဲ့ ဆုံတိုင်းမှာ

အကြောင်းအမျိုးမျိုးပြပြီး

လက်ဆောင်ပစ္စည်း တစ်ခုခု

ယူသွားပါ။

လက်ဆောင်ဆိုတာ

လူတွေကို ရွှင်ပြုံးစေတဲ့အရာသေးသေးဖွဲဖွဲလေး
 
ပဲဖြစ်ဖြစ်ပါ။


(၂၆)

ချစ်နေတုန်းမှာ

မင်းချစ်သူနဲ့ ပတ်သက်သမျှ

အရာရာသည်းခံနိုင် နေတတ်တယ်။

ဒါပေမယ့်

ဒါဟာ ရေရှည်ဖြစ်နိုင်ရဲ့ လား

စဉ်းစားပါ။

ပိုင်စိုးကိုကိုရဲ့ရည်းစားထားနည်းကို shwe yone's blog မှ ယူထားတာပါ.. မူရင်းရေးသားတဲ့သူ မူရင်းပို့စ်ပိုင်ရှင်နဲ့ လာရောက်ဖတ်ရှုသူ သူငယ်ချင်းများကို ကျေးဇူးအထူးတင်ပါတယ်..
                                                                          ရဲရင့်ကိုကို

 

Thursday, July 26, 2012

ဖတ်မိ မှတ်မိသမျှ ဟာသတိုများ

ဘာဖြစ်မယ်ထင်သလဲ

"ခင်ဗျားနားရွက် ဘယ်ဖက်ကိုဖြစ်လိုက်ရင်ဘာဖြစ်မယ်ထင်သလဲ"
စိတ်ရောဂါကုဆရာဝန်က လူနာအားမေးလိုက်၏။
    "ကျွန်တော်ဘယ်ကြားရတော့မလဲဆရာ"
    "ဟုတ်ပြီ၊ ဒါဆိုညာဘက်ပါထပ်ဖြတ်လိုက်မယ်ဆိုရင်ကောဗျာ"
    "ကျွန်တော် မမြင်ရတော့ဘူး"
    "ဘာလို့လဲ"
     "ဆရာကလည်း ကျွန်တော့်မျက်မှန် ဘယ်မှာချိတ်လို့မလဲ"

နောင်တ
 `မင်းတို့လင်မယား ရန်ဖြစ်လို့
ဆို´
`အေးကွ´
`မင်းမိန်းမရဲ့သွားတွေ အကုန်
ကျိုးအောင် ရိုက်ပစ်လိုက်တယ်ဆို´
`မမေးစမ်းပါနဲ့ကွာ၊ ရိုက်မိပြီးမှ
နောင်တရလွန်းလို့ပါ။ ခုတော့ အသစ်
တစ်ခုထပ်ဝယ်ပေးရတော့မယ်ကွ´

အမလေး ရှင်မပြန်သေးဘူးလား?
အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက် က သူ.ရဲ. small လေး ဆီကို
အလည်သွားပါတယ်။ သူ.ရဲ. small လေးကလဲ သူ.ကိုတွေ.တိုင်း

Small လေး - "ရှင်.ရဲ. ပသိုင်းမွေး တွေ ကို ရိတ်လိုက်ပါလား ရှင်။ ဒါမှ
ရှင်ရဲ. အင်မတန် ခန်.ညားတဲ. ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး ခံစားလို.ရမှာ"
အမျိုးသား - "ငါ.အိမ်က အဖွားကြီးက အဲ.ဒီ အမွေးကို ကြိုက်တယ်ဟ။ ငါ.သာ
အဲ.ဒီ ပသိုင်းမွေး ကို ရိတ်လိုက် ရင် ငါကို သတ်မှာ။ ဒါဆို ချစ်လေးနဲ.
ဝေးပြီ။"
Small လေး - "တိုတို ကလဲ ရိတ်လိုက်ပါ ချို အဟွန်.အဟွန်."
Small လေး ရဲ. အချွဲကောင်းမူကြောင်. ထိုအမျိုးသားလဲ သူ.ရဲ. ပသိုင်းမွေး
ကို ရိတ်လိုက်ပါတယ်။
အဲဒီည မှာ ပဲ သူက ကျောပေးပြီး အိပ်နေသော သူ.မယားကြီး ခုတင်ပေါ်ကို
တိတ်တိတ်လေး တက်ပြီး လဲလိုက်စဉ်။ မယားကြီး က ရုတ်တရက် နိုးလာပြီး
လှည်.မကြည်.ပဲ သူ. ရဲ. မျက်နှာ ကို ပွတ်သတ်အာရုံခံလိုက်ခါ "အမလေး
ရှင်မပြန်သေးဘူးလား။ ခဏ နေရင် အိမ်က နွားကြီး ပြန်လာတော.မှာနော်"

နောင်တရမိတယ်
ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။
ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ့ မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ ..
ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ
ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်.

လာမစမ်းနဲ့
အမတ်လောင်း  ။            ။ ကျွန်တော်တို့ဟာ  ဒီကနေ့အခြေအနေအရ  ဂျုံကို ပိုစိုက်ဖို့လိုအပ်ပါတယ်။
လူပြောင်တစ်ဦး။             ။ မြက်ကိုပိုစိုက်ဖို့မလို ဘူးလားခင်ဗျာ။
အမတ်လောင်း  ။            ။ အခုကျွန်တော် တင်ပြဆွေးနွေးနေတာ လူ့စားစရာအကြောင်း ဖြစ်ပါတယ်။ မကြာခင်မှာ ခင်ဗျားနှစ်သက်တဲ့ မြက်အကြောင်းကိုလည်း တင်ပြမှာပါ။

ကိစ္စမရှိဘူး
အဖိုးကြီးကို သူ့သူငယ်ချင်းက ပြောပါတယ်။
...ခင်ဗျားမိန်းမ ကားဒရိုင်ဘာနဲ့ လိုက်ပြေးသွားတယ် လို့ ကြားလိုက်ရတယ်။ စိတ်မကောင်းပါဘူးဗျာ။?
အဖိုးကြီးက ပြန်ပြောပါတယ်။
...ကိစ္စမရှိပါဘူး။ ကျွန်တော် ကားမောင်းနိုင်ပါသေးတယ်။

လူမိုက်ငှား
ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့အစည်းအဝေးမှာ ကုမ္ပဏီ ဥက္ကဌက ထပြီး စကားပြောပါတယ်။
ငါ့ရဲ့ အတွင်းရေးမှူးမနဲ့ ရှုပ်နေတဲ့သူ ဘယ်သူ ရှိသလဲ။?
အားလုံးငြိမ်နေကြပါတယ်။ အဲဒီတော့ ဥက္ကဌက နောက်တစ်ခွန်း ထပ်မေးပါတယ်။
ကောင်းပြီ။ ဒီလို ထားလိုက်။ ငါ့ရဲ့ အတွင်းရေးမှူးမနဲ့ မရှုပ်တဲ့သူ ဘယ်သူ ရှိသလဲ။?
ဒီတစ်ခါလည်း အားလုံး ငြိမ်နေကြ ပြန်ပါတယ်။ အချိန်အတော်လေး ကြာမှ တစ်ယောက်က ထပြောပါတယ်။
ကျွန်တော် ရှိပါတယ်။
 ဥက္ကဌက ပြန်ပြောပါတယ်။
ကောင်းပြီ။ မင်းသူ့ကို အလုပ်ဖြုတ်လိုက်။

ဘယ်သူရှိသေးလို့လဲ
ကျော်ကြားတဲ့ ရုပ်ရှင်မင်းသားတစ်ယောက်ကို စိတ်ပညာရှင်က မေးခွန်းမေးပါတယ်။
ခင်ဗျားရဲ့ မိန်းမကို သစ္စာဖောက် ဖူးသလား။?
မင်းသားက ဒီလို ပြန်ဖြေပါတယ်။
သူ့ကို သစ္စာမဖောက်ရင် ဘယ်သူ့ကို သွားပြီး သစ္စာဖောက်ရမှာလဲ။

မတတ်နိုင်ဘူး
ဆရာဝန်တစ်ယောက်ဟာ ဂွကျတဲ့ လူ့မလိုင် တစ်ယောက်ကို စမ်းသပ်ဖို့ အခြေအနေ ဖြစ်လာပါတယ်။
ကောင်းပြီ။ ခင်ဗျား ဘာဖြစ်သလဲ ကျွန်တော့်ကို ပြောပါ  လို့ ဆရာဝန်က ပြုံးပြုံးရွှင်ရွှင်နဲ့ မေးပါတယ်။
ကျွန်တော် ဘာဖြစ်သလဲ ဆိုတာကို ရှာဖွေဖို့က ခင်ဗျား အလုပ်ပဲလေ။ လို့ လူ့ဂွစာက ပြန်ပြောပါတယ်။
ဆရာဝန်က ခဏ စဉ်းစားပြီး ပြောပါတယ်။
ကောင်းပြီ။ ကျွန်တော့်ကို တစ်နာရီလောက် အချိန်ပေးပါ။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကို သွားခေါ်ချင်လို့ပါ။ သူက တိရိစ္ဆာန် ဆရာဝန်လေ။ ကျွန်တော် သိသမျှ လူထဲမှာ မေးခွန်းမမေးပဲ ရောဂါရှာနိုင်တဲ့ သူဆိုလို့ သူတစ်ယောက်တည်းပဲ ရှိတယ်။

ပိုဆိုးနေတယ်..
 စိတ်ရောဂါကုဆေးရုံမှာ လူနာများရဲ့အခြေအနကိုစမ်းသပ်ဖို့ ဆရာဝန်ကြီးက လူနာများကိုစားပွဲဝိုင်းတွင် ထိုင်စေပြီး ပန်းကန်လုံးအလွတ်များကိုရှေ့မှာ ချထားပါတယ်။ ပြီးတော့ ဆရာဝန်ကြီးကအော်လိုက်တယ်.. "ကဲ..အခုကစပြီး ကြက်သားဆန်ပြုတ်ကို သောက်နိုင်ပါပြီခင်ဗျား...''
လူနာအကုန်လုံးက ခေါင်းမဖော်တမ်းငုံ့သောက်ကြပါလေရော.. ဒါပေမယ့် တစ်ယောက်ကတော့ မသောက်ဘဲနဲ့ လက်ပိုက်ပြီးထိုင်နေတယ်.. ဆရာဝန်ကြီးတွေက ဒီလူနာတော့တိုးတက်လာပြီလို့ မှတ်ချက် ပေးပြီး သူ့ကိုမေးလိုက်ကြည့်လိုက်မိပါတယ်။
''သူများတွေသောက်နေကြတယ်.. ခင်ဗျားကကြက်သားဆန်ပြုတ်မသောက်ဖူးလား''
လူနာက ခပ်တည်တည်ပဲခေါင်းခါတယ်..။ ဆရာဝန်တွေက အားတက်သရောထပ်မေးတယ်..။
''ဘာဖြစ်လို့မသောက်တာလဲ''
''အာ... ဒီလောက်ပူနေတာ ကျွန်တော်ဘယ်လိုလုပ်သောက်လို့ရမလဲဗျ...."

ဖြစ်ရလေ
 မိန်းမနှစ်ယောက်စကားပြောနေကြသည်။
''ငါ့ယောက်ျားကျားသာ ငါ့ကိုပန်းစည်းတစ်စည်းလောက် လက်ဆောင်ပေးရင် ငါ ခုနှစ်ရက်လောက် ကင်းမြီးကောက်ထောင်ပြီး နေပစ်လိုက်မယ်သိလား''
"ဟင်.. နင်တို့အိမ်မှာ ပန်းအိုးမရှိဘူးလား..." 

အကျင့်ပါနေလို့ပါ
လင်မယားနှစ်ယောက်ဟာ နှစ်ယောက်စလုံး နောက်မီးလင်းနေကြသူတွေပါ။ တစ်ညမှာတော့ သူတို့လင် မယားဟာ အတူတူနေဖြစ်တယ်။ ဒီလိုနဲ့မိုးလင်းတော့ မယားဖြစ်သူကသူဘေးကလူဟာ သူ့ယောက်ျားဆိုတာကိုမေ့ပြီး ခါတိုင်းလိုပဲ... ''ကျွန်မယောက်ျားလာနေပြီ ပြေးတော့ ပြေးတော့'' လို့ ထအော်တယ်...
ဒီအခါ ယောက်ျားလုပ်သူက အ၀တ်အစားတွေကို အပျာကယာသိမ်းကြုံးယူပြီး ပြတင်းပေါက်ကနေ ခုန်ချသွားတယ်တော့တယ်..။

ဒီလိုပဲလုပ်လိုက်တာပဲ..
 ဆေးရုံမှာအမျိုးသမီးတစ်ယောက်ဟာ အမွှာပူးလေးမွေးတယ်.. ဖခင်ဖြစ်သူဟာ ၀မ်းသာအားရ ကလေးတစ်ယောက်ကို ကောက်ချီလိုက်တယ်..။ ကလေးက ဇတ်ကျိုးသွားတယ်...။
သူနာပြုဆရာမက ကဗျာကယာဝင်လာပြီး..
''ဟင်.. ရှင်ဘယ်လိုလုပ်လိုက်တာလဲ''
''ဒီလိုပဲ လုပ်လိုက်တာပဲလေ'' ဆိုပြီး ဖခင်ဖြစ်သူက နောက်တစ်ယောက်ကို ကောက်ချီပြလိုက်တယ်..။

တူသွားလို့ပါ
ကောင်လေးနဲ့ကောင်မလေးစုံတွဲဟာ ပန်းခြံထဲမှာမှိုင်ငေးနေကြတယ်..
ကောင်မလေးကကောင်လေးကိုမေးတယ်.. 
ကောင်မလေး..       "နင်ဘာတွေတွေးနေတာလဲ..."
ကောင်လေး..         "သဲ.. တွေးနေတာကို လိုက်တွေးနေတာ"
ကောင်မလေး..       ''ဟင်.. ညစ်ပတ်တယ်"

ကိုယ့်ပြောတယ်ထင်လို့
စုံတွဲတစ်တွဲသည် တက္ကစီစီးနင်းကာ ခရီးသွားနေသည်။ ထိုစဉ်ကောင်မလေးက ထအော်သည်။ 
"ဟိုး... ဟိုးဆရာ''
တက္ကစီက ကျွိခနဲ ထိုးရပ်သွားသည်။ နောက်ခန်းမှစုံတွဲက အံ့သြဟန်ဖြင့်
''ဘာဖြစ်လို့ရပ်လိုက်တာလဲ''
"ဒီမိန်းကလေးက .. ဟိုး ဟိုး ဆရာ ဆို"
ကောင်လေးက စိတ်ဆိုးသွားပြီး
''အာ.. အဲဒါခင်ဗျားကိုပြောတာမဟုတ်ဘူး.. ဆက်မောင်း''

ချက်စားမှာ
ခရမ်းသီးရောင်းတဲ့အဖွားကြီးဆီမှာအမျိုးသမီးတစ်ယောက်ခရမ်းသီးလာဝယ်တယ်..
"အဖွား..  ခရမ်းသီးတစ်လုံးလောက်"
"အေးအေးသမီး.. ရော့"
"ခရမ်းသီးကသေးတယ်..နည်းနည်းကြီးတာပေး"
"အေး..အေး ရော့"
နောက်ထပ်အမျိုးသမီးတစ်ယောက်လာဝယ်တယ်..
"အဖွား...ခရမ်းသီးတစ်လုံးလောက်"
"ရော့.. သမီး"
"နည်းနည်းလေး ရှည်တာပေးပါအဖွား"
"အေး..အေး.. ရော့"
ပထမနှစ်ယောက်မပြန်ခင် အမျိုးသမီးတစ်ယောက် လာဝယ်ပြန်တယ်
"အဖွား.. ခရမ်းသီးတစ်လုံးလောက်"
"သမီးကရော.. ဘယ်အရွယ်အစားယူမလဲ.."
"ရတယ်အဖွား..ကိစ္စမရှိဘူး.. သမီးကချက်စားမှာ..."


ရေးခဲ့.. တွေးခဲ့သူအားလုံးနဲ့ ဖတ်ရှုသူသူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်...

                                                                                  ရဲရင့်ကိုကို

အံ့သြဖွယ် ရုံးပတီသီးစွမ်းပကား

မိန်းကလေးတစ်ယောက်ရဲ့ လက်ချောင်းလေးတွေလို ရှည်ရှည်သွယ်သွယ် ကလေးတွေမို့ အနောက်နိုင်ငံက လူတွေက Ladies’ finger လို့ ခေါ်တဲ့ ရုံးပတီသီးလေးတွေဟာ မြန်မာပြည်မှာတော့ သိပ်ကို လတ်လတ် ဆတ်ဆတ် စိမ်းစိမ်းစိုစိုနဲ့ ဈေးသက်သက်သာသာ ရနိုင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါပဲ။

လူတစ်ယောက်ဟာ အနှစ်နှစ်ဆယ်ကျော် ဝမ်းချုပ်တဲ့ ရောဂါကို ခံစားခဲ့ရပြီး လတ်တလောမှာတော့ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေတက်တက်နေတတ်ပါတယ်။ အဲဒီလို နှစ်ရှည်လများ ခံစားခဲ့ရပြီး ဘာနဲ့မှ မသက်သာခဲ့တာမို့ အလွယ်တကူ ပျောက်လိမ့်မယ်လို့လည်း ထင်မထားပါဘူး။

ဒါပေမယ့် ထူးဆန်းစွာပဲ ရုံးပတီသီးကြောင့် သူ့ရောဂါတွေ ပျောက်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကစပြီး ရုံးပတီသီး မှန်မှန်စားလိုက်တာ.. ဘာဆေးမှ မမှီဝဲရတော့ပါဘူးတဲ့။ ဝမ်းချုပ်တာ၊ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေ တက်နေတာ ပျောက်သွားတဲ့အပြင် သွေးထဲက သကြားဓာတ်တွေလည်း ၁၃၅ ကနေ ၉၈ ထိ ကျဆင်း သွားခဲ့ပါတယ်။ ကိုလက်စထရော လယ်ဗယ်ကိုလည်း ထိန်းထားနိုင်လာပါတယ်။

လေ့လာသုတေသနပြုချက်တွေအရ ရုံးပတီသိးဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ အစုအပေါင်း တစ်ခုပါပဲတဲ့။ တစ်ဝက်လောက်က ပျော်ဝင်နိုင်တဲ့ အမျှင်တွေ နဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီ ပျော်ဝင်နိုင်တဲ့ အမျှင်တွေက ကိုလက်စထရောကိုကျစေပြီး နှလုံးရောဂါဖြစ်ဖို့ကိုလည်း နည်းပါးစေပါတယ်။ ကျန်တစ်ဝက်ကတော့ မပျော်ဝင်နိုင်တဲ့ အမျှင်နဲ့ ဖွဲ့စည်းထားပြီး သူတို့က အူသိမ်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့ကျစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ မဖြစ်ဖို့ တားဆီးပေးပါတယ်။

ချက်ထားတဲ့ ရုံးပတီသီး ပန်းကန်တစ်ဝက်လောက်မှာ folic acid နဲ့ ဗီတာမင် B6 တွေက လိုအပ်တယ်လို့ ညွှန်းဆိုထားတဲ့ ပမာဏရဲ့ ၁၀% ပါဝင်ပါတယ်။ ဒါကြောင့် ရုံးပတီသီးဟာ ဗီတာမင် B6, folic acid နဲ့ အမျှင် ဓာတ်တွေ သိပ်ကြွယ်ဝတဲ့ အစားအစာလို့ ဆိုနိုင်ပါတယ်။

ရုံးပတီသီးမှာ ပါဝင်တဲ့ အာဟာရတန်ဖိုးများ

Dietary Fiber 2 gm
Protein 1.5 gm
Carbohydrate 5.8 gm
Vitamin A 460IU
Vitamin C 13 mg
Folic acid 36.5 microgram
Calcium 50 mg
Iron filtered 0.4 mg
Potassium 256 mg
Magnesium 46 mg

ဒါတွေက ဂဏန်းသတ်မှတ်ချက် တန်ဖိုးတွေသက်သက် ဖြစ်ပါတယ်။ လမ်းညွှန်ချက် အဖြစ်ပဲ သုံးပါ။ အကယ်၍ သင်က တကယ်လိုအပ်နေပြီး ဆေးပညာအရလည်း ကန့်သတ်နေထိုင် စားသုံးနေရတယ် ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးပါ။

ရုံးပတီသီးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကတော့ ..

+ ရုံးပတီသီးမှာ ပါဝင်တဲ့ အမျှင်တွေက သွေးထဲက သကြားဓာတ်ကို လျော့ကျစေပါတယ်။ သူက အူကနေ သကြားဓာတ် စုတ်ယူမှုကို ထိန်းထားပေးနိုင်တာမို့ပါ။

+ ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲတွေက ကိုလက်စထရောကိုတင် တားဆီးပေးတာ မဟုတ်ပါဘူး။ အဆိပ်တွေ သယ်ဆောင်လာတဲ့ အက်စစ်တစ်မျိုးကိုလည်း အသည်းကနေ အမြောက်အများ စစ်ထုတ်နိုင်ဖို့ လည်းအားပေးပါတယ်။

+ တော်တော်များများသော ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက ရောဂါတော်တော်များများဟာ အူကနေ စဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ ရုံးပတီသီးရဲ့ အမျှင်ဓာတ်က ဝမ်းချုပ်တာကို တားဆီးပေးတယ်။ အမျှင်အများစုက ဝမ်းချုပ်တာကို တားဆီးပေးတတ်ပေမယ့် ရုံးပတီသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ကတော့ အဲဒီအတွက် အကောင်းဆုံးလို့ ဆိုပါတယ်။ အူကို အလုပ်လုပ်တာ ပုံမမှန်စေတဲ့၊ ထိခိုက်စေတတ်တဲ့ ကြမ်းတမ်းတဲ့ ဂျုံကြမ်းတွေလို မဟုတ်ပဲ ရုံးပတီသီးရဲ့ အမျှင်ဓာတ်က အူကို သက်သာမှု ပေးစေနိုင်ပါတယ်။

လူတော်တော်များများကတော့ ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲဓာတ်က အညစ်အကြေးကို ကောင်းမွန်စွာ စွန့်ပစ်စေဖို့ အထောက်အကူပြုတဲ့အတွက် သိပ်ပြီး မနှစ်သက်ချင်ကြပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုံးပတီသီးဟာ တော်တော်များများသော ကျန်းမာရေး ပြဿနာတွေကို ပြေလည်စေတဲ့ သက်သာစေတဲ့ တန်ဖိုးရှိတဲ့ ဟင်းသီး တစ်မျိုး ဆိုတာကတော့ ငြင်းလို့ မရပါဘူး။

သွေးထဲက ကိုလက်စထရောနဲ့ အဆိပ်တွေကို လျော့ကျ စေရုံမက သွေးလှည့်ပတ်မှုကိုလည်း ပုံမှန်ဖြစ်စေတဲ့အတွက် အင်မတန် ဆေးဖက်ဝင်တဲ့အပြင် (အများကြီး အလွန်အကျွံ စားသူတွေကလွဲရင်) ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။ အဆိပ်အတောက် လုံးဝကင်းစင်ပြီး ဆေးဖက်ဝင်တဲ့ ဟင်းသီး တစ်မျိုး ဖြစ်တဲ့အပြင် ဈေးသက်သက်သာသာနဲ့ လူတိုင်းလည်း စားသုံးနိုင်တဲ့အတွက် အဆင်ပြေပါတယ်။

+ရုံးပတီသီးမှာ ပါဝင်တဲ့ ဓာတ်တွေနဲ့ အာဟာရ တန်ဖိုးတွေ လျော့ကျမသွားဖို့အတွက်က သူ့ကို တတ်နိုင်သမျှ အချိန်အနည်းဆုံးချက်ပြုရပါမယ်။ အစိမ်းစားတဲ့သူတွေရှိပေမယ့် ရေနွေးလေး ဖျောလိုက်တာ၊ ခဏလောက် ရေနွေးငွေ့နဲ့ ပေါင်းလိုက်တာမျိုးတွေ လုပ်စားနိုင်ပါတယ်။

မှ မလာခြင်းဖြစ်ပါသည်။ မူရင်းပိုစ့်ပိုင်ရှင်နဲ့ လာရောက်ဖတ်ရှုသူ သူငယ်ချင်းများကို ကျေးဇူးအထူးတင်ပါတယ်။
                                                                                 ရဲရင့်ကိုကို

Tuesday, July 24, 2012

အမေရိကန်သမ္မတ ဘာရက်အိုဘားမား၏ လုံခြုံရေးအဆင့်မြင့်ကား


အမေရိကန်သမ္ပတအဖြစ်ရွေးချယ်တင်မြောက်ခံရပြီးနောက်ဘာရက်အိုဘားမားရဲ့လုံခြုံရေးအတွက်အိမ်ဖြူတော်မှငွေကြေးအမြောက်အများအသုံးပြုခဲ့ပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်းအမေရိကန်သမ္မတတစ်ဦးအတွက်ထောက်ပံ့ပေးထားတဲ့ကားကတော့ဂျိမ်းစဘွန်းကားထက်တောင်သာတယ်လို့ဂုဏ်တင်ပြောဆိုကြပါတယ်

ဆီတိုင်ကီ
ကျည်မဖောက်၊ရေမြှုပ်ဖြင့်အလွှာထပ်ထားပြီး၊တိုက်ရိုက်ခိုက်မှုနှင့်ဖောက်ခွဲမှုဒဏ်ကိုခံနိုင်ရည်ရှိပါတယ်

ကားနောက်ဖုံး
အောက်စီဂျင်သက်ကယ်ဗုးနဲ့၊မီးငြိမ်းသက်ရေးစနစ်တို့ပါဝင်ပါတယ်။

အတွင်းခန်း
လူလေးဦးထိုင်အတွင်းခန်းဖြစ်ပြီး၊သမ္မတထိုင်ဆိုဖာခုံကိုလိုသလိုရွှေ့ပြောင်းနိုင်။ဆိုဖာခုံတွင်ဂြိုလ်တုဖုန်းတပ်ဆင်ထား၊ပြီးဒုတိယသမ္မနှင့်ပင်တဂွန်စစ်ဌာနချုပ်သို့ဆက်သွယ်ရန်တိုက်ရိုက်ဖုန်းလိုင်းတစ်ခုပါရှိ။

တံခါးပေါက်
ရှစ်လက်မထူသောကျည်ကာတံခါး၊နှင့်လေယာဉ်ဘိုးအင်း၇၅၇တွင်အသုံးပြုသောသတ္တုအမျိုးအစား

ယာဉ်မောင်း
အမေရိကန်လျှို့ဝှက်အေဂျင်စီမှအထူးလေ့ကျင့်သင်ကြားပေးထားသောယာဉ်မောင်း

ကားရှေ့မှန်
အားပြင်းသေနတ်ကျည်ဆန်များမထိုးဖောက်နိုင်၊အရေးကြီးစကားပြောရန်သုံးလက်မခန့်သာဖွင့်နိုင်။

ယာဉ်မောင်းရှေ့ခန်း
Dashboard တွင်ဆက်သွယ်ရေးဌာနချိတ်ဆက်မှုနှင့်ဂျီပီအက်စ်လမ်းကြောင်း ရှာဖွေရေးစနစ်တို့ပါဝင်

ကာကွယ်ရေးပစ္စည်းများ
ညဖက်မြင်ကင်မရာ၊ပစ်စတိုသေနတ်၊မျက်ရည်ယိုဗုံး၊သမ္မတအတွက်အရေးပေါ်အသက်ကယ်သွေးအိတ်၊

ကားအောက်ခြေ
ဗုံးပေါက်ကွဲမှုဒဏ်ကိုခံနိုင်သောအဆင့်မြင့်စတီးတပ်ဆင်ထား။

တာယာ
စတီးကွင်းအောက်ခြေခံ၊ကျည်နှင့်သံဆူးများမဖောက်နိုင်သော Kevlar ဓာတုဖြင့်ပြုလုပ်ထားသော Run-flat တာယာအမျိုးအစား။

ဈေးနှုန်း
ဗြိတိန်ပေါင်တစ်သန်းနှင့်အထက်

အရှည်။ ။ ၁၈ပေ
အမြင့် ။ ။ ၅ ပေ၁၀လက်မ
အလေးချိန်။ ။ ၈ တန်
အင်ဂျင်။ ။ ၆.၅လီတာ၊ဒီဇယ်
အမြင့်ဆုံးပြေးနှုန်း။ ။ တစ်နာရီမိုင်၆၀
ဆီစားနှုန်း။ ။ 8mpg
ထိုင်ခုံ ။ ။ ၇ ဦး

လက်ရှိအချိန်ကမ္ဘာလုံခြုံရေးအဆင့်အမြင့်ဆုံးလို့သတ်မှတ်ထားတဲ့အမေရိကန်သမ္မတအိုဘားမားသုံးကားကို၂၀၀၉ခုနှစ်ကလူစိတ်ဝင်စားမှုများပြားခဲ့ပါတယ်။နှစ်တွေပြောင်းလဲလာတာနဲ့အမျှနည်းပညာပေါင်းစပ်မှုပိုမိုမြင့်တင်ထားပြီးယခင်ကဖော်ပြထားတာထက်လျှို့ဝှက်နည်းပညာတွေပါဝင်နေအုံးမယ်လို့နည်းပညာရှင်များကဆိုပါတယ်။


                                                                    ရဲရင့်ကိုကို
မှ မလာတာပါ မူရင်းပို့စ်ပိုင်ရှင်နဲ့ လာရောက်ဖတ်ရှုသူ သူငယ်ချင်းများကိုအထူးပဲကျေးဇူးတင်ပါတယ်..။

ခွေးစကားပုံများ

ဒီပို့စ်လေးမှာ ခွေးနဲ့ပတ်သက်တဲ့စကားပုံတော်တော်များများကို ရှာဖွေတင်ပြထားပါတယ်...။ လိုအပ်တာများလည်း ရှိကောင်းရှိနိုင်ပါလိမ့်မယ်.. ဒါပေမယ့် တော်တော်လေးပြည့်စုံပါပြီလို့ ထင်မှတ်မိပါတယ်.. ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်သူငယ်ချင်းတွေ မဆိုသလောက်လေး တစ်ခုခုသိသွားပြီဆိုရင် ကျွန်တော်အပင်ပန်းခံရကျိုးနပ်ပါပြီ...


လမ်းမသိခွေးနောက်လိုက်
ခွေးကျိုးနဲ့ယုန်လိုက်
ယုန်တောင်ပြေး ခွေးမြောက်လိုက်
ဖြစ်မယ့်ခွေးအမွှေးတခြား
ငရဲခွေးကို ရဲဆေးတင်စရာမလို
တောခွေးကျားမကြောက်
ခွေးအိုကြီး လက်ပေးသင်
ခွေးဖြူတော့မတိုးဝံ့
ထီးဝန်းနဲ့မှိုဖြူ ခွေးဖြူနဲ့ခြင်္သေ့
ခွေးတစ်ကောင်နဲ့မျောက်တစ်ကောင်
ခွေးရှုးလျှင် မြွေနမ်း
ကျွန်လိမ္မာနောက်ဆုတ် ခွေးလိမ္မာအမြီးကုပ်
မင်းတုတုခွေးသေသေ သွေးတွေတွေယိုဘိ
မင်းကတော် ကျွန်ပုံပေါက် ခွေးလောက်မကောင်း
လူပုစိတ်တို ခွေးပုရန်လို
လူမလေးခွေးမခန့်
ခွေးအလုပ်မြင်းလုပ်တော့ ဘေးကိုဝါးရင်းတုတ်နဲ့အတီးခံရ
ခွေးသူခိုး ရွာလည်
ချေးတုံးကိုခွေးနိုင်
ပက်ကြားအက်ထဲကချေး ခွေးယူမရ
စည်သားရေ ခွေးမျှော်
ခွေးသူခိုး အိုးလည်ပင်းစွပ်
အစားအသောက်မီးလိုတောက် အလုပ်အကိုင်ခွေးလိုမှိုင်
ခွေးသူခိုးလာ အိမ်ခွေးအမြှီးနှံ့
အထက်လွန်ကျစ် အောက်ခွေးစား
ခွေးကျင့်ခွေးကြံ
တစ်သိန်းတန်တဲ့ ရွှေခွက် ခွေးချေးနဲ့ပက်သလို
ခွေးမြီှးကောက် ကျည်တောက်စွပ်
ခွေးနေရာမရ
ခွေးစားဝက်စား
ခွေးအိပ်ဝက်အိပ်
ဝက်ခြေရာ ခွေးခြေရာဆုံ
ခွေးနိုင် ၀က်နိုင်
ဆင်နောက်ခွေးပါ
ဆင်နှာမောင်း ခွေးချီ
ဆင်ပေါ်ကလူ ခွေးဟောင်
ဆင်မြှီးခွေးမျှော်
ဆင်ကိုလိုရ်ျ မြှီချေး ခွေးနှင့်နှိမ်
ကုလားရွှေ ခွေးနင်း
ခွေးမရောက် အိမ်ခေါင်မိုး
အိမ်ခေါင်းမိုးခွေးတက် စီးပွားပျက်
ကြောက်ကျမကျ ခွေးကျကျ
ယာရှင်မျောက်မောင်း အိမ်ရှင်ဧည့်စောင်းခွေးကိုမောင်း
ခွေးစကားကျားယုံ
ခွေးမှာအရောင် ကြောင်မှာအမွှေး
ခွေးဖိုးတစ်ထောင် ကြောင်ဖိုးတစ်သိန်း
ဖျံနှစ်ကောင်အငြင်းပွား ငါးကြင်းအလယ်သား ခွေးရလို့သွား
သောင်ပြင်မှာ လွှတ်တဲ့ခွေး
ခွေးစကား ပုဏ္ဍားယုံ
ဖျာလိပ်ထဲ ခွေးဝင်
ခွေးဝမ်းသာအောင် လေလည်ပြ
ခွေးဟောင်တိုင်းထကြည့် အိပ်ရေးပျက်
လင်စံရွေး လင်ခွေးနဲ့ညား
ခွေးထီးလောက်မှ မမြတ်
ဟောင်လွန်းသောခွေး လူမလေး
ခိုးစားလည်း ခွေးဟောင် လုပ်စားလည်း မိုးခေါင်
မုဆိုးမအိမ်ထောင် ခွေးပင်မဟောင်
ဆန်ပါရ်ျ ထမင်းရည်သောက်ရ၊ ခွေးပါလျှင်ငတ်သေးရဲ့
ကံကောင်းချင်တဲ့ခွေး ပြေးရင်းလွှားရင်း ချေးပုံဟပ်မိ
မွဲချင်တဲ့ခွေး ပြာပုံတိုး
မီးယုံလို့ ခွေးမတိုး
ခွေးလက်နဲ့မီးယက်
ခွေးလေးခုန်လို့ ဖုံမထ
ခွေးလေးအရောဝင် ပါးယက်နားယက်
ခွေးဖင်သီလျှင် ဧည့်သည်ရောက်
ခွေးကိုရိုက်ချင် ခွေးရှင်မျက်နှာထောက်
ခွေးနာလောက်ကိုက်
ခွေးကောင်ပုပ်လေ လင်းတကြိုက်လေ





ခွေးရူးနဲ့ခွေးကောင်းကိုက် ခွေးကောင်းနားရွက်ဖြတ်ခံရတတ်
ခွေးရူးကောင်းစား တမွန်းတည့်
ခွေးတစ်ကောင် သားရေစားရ်ျ ခွေးအများအသတ်ခံရ
ခွေးပါးစပ်က နတ်စကားထွက်
ခွေးစကားယုံ ခြုံမှာစောင့်တဲ့ပုဏ္ဍား
ခွေးကြီးမှ ရန်လုံမှည့်နေ
ခွေးဖြစ်မှတော့ မစင်မကြောက်
ခွေးသုန်လျှင် ဈေးကုန်သက်သာ
ခွေးကိုရန်မူရိုက်သောသူသည် ရိုက်သူလည်းခွေး၊ ခွေးလည်းခွေး
တောင်ကူးမြောက်ပြေး ရွာဆော်ကြီးခွေး

သူငယ်ချင်းများအားလုံး ကျန်းမာချမ်းသာကြပါစေဗျာ...
                                              ရဲရင့်ကိုကို