Sunday, July 29, 2012

ဖတ်မိ မှတ်မိသမျှ ဟာသတိုများ(2)


လက်ညှိုးထောင်ခိုက် ခေါင်းညိတ်လိုက်သော်
တစ်ခါက အရမ်းကိုခေါင်လွန်းလှတဲ့နယ် မြို့လေးတစ်မြို့ရဲ့ကျန်းမာရေးဌာနတစ်ခုမှာ 

သူနာပြုဆရာမလေး တစ်ယောက်တာဝန်ထမ်းဆောင်နေတယ်။ သူက (အပျို)ပေါ့။ 

တစ်နေ့တော့ အဲဒီ မြို့နယ်အပိုင် ဝေးလံခေါင်သီတဲ့ ရွာတွေများ ကလေးမွေးဖွားနှုန်းတွေ 

များလွန်းနေတဲ့အတွက် လူဦးရေလျှော့ချဖို့ ရည်ရွယ်ပြီး သားဆက်ခြားရေးစီမံချက်အရ 

အဲဒီရွာတွေကို တိုင်းကျန်းမာရေးဌာနက တာဝန်ရှိသူတွေ၊ မြို့နယ်ကျန်းမာရေးဌာန က 

ကျန်းမာရေးမှူး ဆရာဝန်ကြီးတွေကိုယ်တိုင် ကွင်းဆင်းပြီး သားဆက်ခြားရေး စီမံချက် 

အတွက် ရွာသားတွေကို ကျန်းမာရေးအသိပညာတွေ ဟောပြောပေးဖို့ အထူးစီမံချက် 

အနေနဲ့သွားကြရတာပေါ့။
        ဆရာဝန်ကြီးတွေ၊ လူကြီးတွေက အဲဒီမှာ ကျန်းမာရေးအသိပညာတွေကို 

ရွာသားတွေ သိရှိအောင် ဟောပြောသရုပ်ပြဖို့ သူနာပြုဆရာမလေးကို တာဝန်ပေး 

တာပေါ့။
ဟောပြောရမယ့် အကြောင်းအရာက သားဆက်ခြားဖို့ ကွန်ဒုံးသုံးစွဲဖို့ ဆိုတဲ့ 

အကြောင်းအရာပါ။
စီမံချက်ဆောင်ရွက်မယ့် ရွာကိုရောက်အောင် တောတွေဖြတ် တောင်တွေကျော် နဲ့ခက်ခဲပင်ပန်းကြမ်းတမ်းစွာ သွားကြရတာပေါ့။ ရွာကိုရောက်တော့ရွာသားတွေအားလုံး ကို ခေါ်ပြီး ရွာကဘုန်းကြီးကျောင်းမှာ ဟောပြောပွဲလုပ်တော့တာပဲ။
တိုင်းနဲ့မြိုနယ်အဆင့်ဆရာဝန်ကြီးတွေရဲ့ဟောပြောဆွေးနွေးမှုအပြီးမှာတော့ 
 သူနာပြုဆရာမလေးအလှည့်ပေါ့။ အဲဒီမှာပြသနာစတော့တာပါပဲ။ ရွာသားတွေ၊ 
 လူကြီးတွေအားလုံးရဲ့အရှေ့မှာ သူပြောရတော့မှာကိုး။ ပြီးတော့ အပျိုကလဲဖြစ်ပြန် ပြောရမှာကလဲ ရှေ့မှာ ယောက်ျားသားတွေချည်း။ ပြောရ သရုပ်ပြရမယ့် အကြောင်းအရာကလဲ ကွန်ဒုံးသုံးစွဲပုံသုံးစွဲနည်း။ ခက်တော့နေပါပြီ။
ရှက်ကလဲရှက်။ ကြောက်လဲကြောက်နဲ့ မထူးတော့ပါဘူးဆိုပြီးပြောချရတော့တာ ပေါ့။ ပြောပုံကကြည့် (
 ရှင်တို့ ညအိပ်ခါနီးရင်လေ………..ရှင်တို့ဟာကို ဟိုလေ…… ရှင်တို့ဟာလေ သိတယ်မဟုတ်လား ဆိုပြီး လက်ညှိုးလေးထောင်ပြသတဲ့။
ရွာသားတွေက ဟုတ်ကဲ့…ဟုတ်ကဲ့ပေါ့။ ပြီးတော့မှလက်ညှိုးလေးထောင်ပြရင်းက
ရှင်တို့ဟာကိုလေ အပေါ်ကနေဟောဒီလို စွပ်ချရတယ် …….ဆိုပြီး ကွန်ဒုံးလေးကို စွပ်ပြလိုက်ရော။
အဲဒီလိုလုပ်ပြီးမှ အိပ်ယာဝင်ကြပါ..လို့ပြောတယ်။  ပြီးတော့ရွာသားတွေကိုလည်း
ရှင်းကြရဲ့လား။ လွယ်လွယ်လေးပါလို့မေးလိုက်တော့….. ရွာသားတွေကလည်း ရှင်းပါတယ်ဆရာမဆိုပြီး ခေါင်းလေးတွေ ညိတ်ပြကြတာပေါ့။
အဲဒီလိုနဲ့ ဟောပြောပွဲပြီးတော့ ရွာသားတွေကို သူတို့နဲ့အတူပါလာတဲ့ ကွန်ဒုံး တွေကို ဝေပေးပြီးမှ ပြန်လာကြသတဲ့။
နောက်တစ်နှစ်ကြတော့ အဲဒီရွာရဲ့ ကလေးမွေးဖွားနှုန်းကို စာရင်းကောက်ကြည့် တဲ့အခါ……….. မနှစ်ကထက် (နှစ်ဆ) ပိုများနေသတဲ့။ အဲဒီမှာတင် လူကြီးတွေနဲ့အတူတူ အဲဒီသူနာပြုဆရာမလေးပါ မျက်လုံးတွေပြူးပြီး ပြာပြာသလဲ အဲဒီရွာကို အပြေးသွားကြရတော့တာပေါ့။
ရွာရောက်တော့ ချက်ခြင်းဆိုသလဲရွာသားတွေကိုစုပြီး မေးမြန်းကြရတော့တာပေါ့။ သူနာပြုဆရာမလေးက ဒေါသတကြီးနဲ့ ရွာသားတွေကို
ရှင်တို့ကလေးမွေးနှုန်းက မနှစ်ကထက် (နှစ်ဆ) ပိုများလာတယ်။ မနှစ်က ကျွန်မတို့ လာပြီးဟောပြောသလို မလိုက်နာကြဘူးလား။ ကျွန်မတို့ပေးသွားတဲ့ ဟိုပစ္စည်းလေးရော မသုံးကြဘူးလားလို့ မေးသတဲ့။
အဲဒီအခါ ရွာသားတစ်ဦးက ပြန်ပြောတာကတော့………..
အမယ်လေးသုံးတာပေါ့ဆရာမလေးရယ် ဆရာမလေးမှာသလိုသေသေချာချာကို လုပ်တာပါဗျာ……… ကျွန်တော်တို့အားလုံး ညအိပ်ရာမ၀င်ခင်မှာလေ ကျွန်တော်တို့ရဲ့ လက်ညှိုးကိုဟေားလိုထောင်….. ဆရာမလေးတို့ပေးသွားတဲ့ဟာလေးကို ဟောဒီလိုစွပ်…. ပြီးမှ မီးမှုတ်ပြီးအိပ်ယာဝင်ကြတာပါ……………… အဲဒါ ဆရာမလေးတို့ ပေးထားတဲ့ဟာလေးရဲ့ အစွမ်းမထက်မှာစိုးလို့လေ ကျွန်တော်တို့ မိုးလင်းတဲ့ အထိတောင် အဲဒီလက်ညှိုးကို အောက်ပြန်မစိုက်ပါဘူးဗျာ……………တဲ့။

ဘယ်သူတုန်းဟ
ကမ္ဘာ့အလှမယ်ရွေးချယ်ပွဲပြီးဆုံးသွားတော့ ပထမဆုဆွတ်ခူးရရှိသွားတဲ့ အလှမယ်လေးနားမှာ သတင်းထောက်တွေ ဓါတ်ပုံသမားတွေ တီဗီအစီအစဉ်ရိုက်ကူးသူတွေ၊ ပရိတ်သတ်တွေနဲ့ ၀ိုင်းဝိုင်းလည်နေတာပေါ့။
အဲဒီအချိန်မှာပဲ ဆုရအလှမယ်လေးက အားလုံးကို ကြေငြာလိုက်ပါလေရော……
ဒီဆုကို ဆွတ်ခူးရရှိတဲ့အတွက် ကျွန်မ အရမ်းကို ၀မ်းသာမိပါတယ်…….
အဲဒီလိုပါပဲ ဟောဒီမှာရှိတဲ့လူတွေအားလုံး ပျော်ရွှင်ဝမ်းသာသွားရအောင် ကျွန်မအစီအစဉ်လေးတစ်ခုရှိပါတယ်……. အားလုံးပဲကျွန်မနောက်လိုက်ခဲ့ကြပါ…..
ဆိုတော့……….အားလုံးကလည်း ဘာများပါလိမ့်ဆိုပြီး သူ့နောက်ကို လိုက်သွားကြတာပေါ့….။
မလှမ်းမကမ်းက ရေကူးကန်နားရောက်တော့ အလှမယ်လေးက ကန်တစ်ဖက်မှာ နေရာယူပြီး ကျန်တဲ့သူတွေကတော့ အခြားတစ်ဖက်မှာပေါ့……
အဲဒီမှာပဲ အလှမယ်လေးက မိုက်ကရိုဖုန်းနဲ့ကြေငြာပါတယ်….
ကျွန်မက အားလုံးအတွက် မင်္ဂလာရှိတဲ့သတင်းလေးကို ပြောပြပါ့မယ်…
ကျွန်မကဒီရေကူးကန်လေးရဲ့ တစ်ဖက်မှာရပ်နေပါ့မယ်…..  လူကြီးမင်းတို့အထဲက ကျွန်မကိုတစ်ကယ်ချစ်မြတ်နိုးပြီး၊ လိုချင်တဲ့သူများရှိရင် အဲဒီကနေကျွန်မဆီကို ဒီရေကန်ကိုဖြတ်ကူးပြီး လာနိုင်တဲ့သူများရှိရင် ပထမဆုံးရောက်တဲ့သူကို ကျွန်မက အနမ်းနဲ့ဆီးကြိုပြီး….. လက်ထပ်ယူပါ့မယ်….ဒါပေမယ့် ဒီရေကန်ထဲမှာ မိကျောင်း အကောင် (၅၀)ရှိပါတယ် လို့ ကြေငြာသတဲ့…..
လူတွေအားလုံးလဲ လှုပ်လှုပ်ရှားရှားဖြစ်ကုန်တာပေါ့။ အလှမယ်လေးကို လိုလည်းလိုချင်၊ မိကျောင်းရန်ကိုလည်းကြောက်တော့ဘာဆက်လုပ်ရမှန်းမသိ ဖြစ်ကုန်တာပေါ့….။
အဲဒီမှာတင်လူတစ်ယောက်က ဘာမပြောညာမပြောနဲ့ ရေကန်ထဲကို ၀ုန်းကနဲခုန်ဆင်းပြီး မိကျောင်းတွေရန်ကလွတ်အောင် တစ်ဖက်ခြမ်းကို မနည်းအသက်လုပြီး ကူးသွားသတဲ့…….။
ကံကောင်းစွာနဲ့ပဲ တစ်ဖက်ခြမ်းကိုရောက်သွားတော့ အသက်လုပြီးကူးပြေးလာခဲ့ရတဲ့အတွက် ကန်ဘောင်လေးပေါ်မှာ မောပန်းပြီး အသက်တောင်မနည်းရှူနေရတာပေါ့။ အဲဒီမှာပဲ ပရိသတ်တွေရော အလှမယ်လေးကပါ သူ့ဆီကိုပြေးလာကြပြီး……။ အကုန်လုံးက တစ်ခဲနက်အားပေးကြတာပေါ့။ အသက်စွန့်ပြီးချစ်တဲ့သူ…… အာဂယောက်ျား…… ဘာညာပေါ့ဝိုင်းပြီး သြဘာပေးကြတာပေါ့။
အလှမယ်လေးကလည်း သူ့အပေါ်မှာ တကယ့်အချစ်စစ်နဲ့ချစ်တဲ့သူ ဆိုပြီး အားရ၀မ်းသာစွာနဲ့ အနမ်းပေးမယ်လုပ်တာပေါ့……။ အဲဒီမှာပဲ ခုဏရေကန်ထဲကနေ အသက်လုပြီးရေကူးလာတဲ့လူက ………..
ခဏလေးနေကြပါဦးဗျာ…… ကျွန်တော်မောနေလို့ပါ……………. ပြီးတော့ ကျွန်တော် တစ်ခုလောက်မေးချင်လို့ပါ……………
ဆိုတော့ အားလုံးကလည်း ဘာသိချင်လို့လဲ… ဆိုပြီးပြောတာပေါ့…..
အဲဒီမှာပဲရေကူးလာတဲ့လူက……
အခုန ဟိုဘက်မှာရပ်နေတုန်း ရေကန်ထဲကို နောက်ကနေ ဆောင့်ကန်ချလိုက်တာ ဘယ်သူလဲဗျာ ………..တဲ့။

လက်နက်အစုံအလင်ပါလို့
တစ်ခါက ငါးမျှားဝါသနာပါတဲ့အမျိုးသားနဲ့ စာဖတ်တာဝါသနာပါတဲ့အမျိုးသမီးတို့ ဇနီးမောင်နှံဟာ ကန်တစ်ခုထဲမှာ လှေကလေးစီးပြီး အပန်းဖြေကြတာပေါ့..။ အမျိုးသားက သူဝါသနာပါတဲ့အတိုင်းငါးမျှားပြီး အမျိုးသမီးကတော့ စာဖတ်ရင်းလိုက်ပါလာတယ်..။ တော်တော်ကြာတော့ အမျိုးသားက ငါးမျှားကိရိယာတန်ဆာပလာတွေကို ဘေးမှာချပြီး အိပ်ပျော်သွားတယ်. . အမျိုးသမီးကတော့ စာဆက်ဖတ်နေတာပေါ့.. အဲဒီအချိန်မှာ ရဲလှေတစ်စီးရောက်လာပြီး လှေပေါ်ကရဲကမေးတယ်..
"ခင်ဗျားဘာလုပ်နေတာလဲအမျိုးသမီး"
"ကျွန်မစာဖတ်နေတာလေ"
"မဟုတ်ပါဘူး ခင်ဗျားငါးမျှားနေတာပါ.. ဒီနေရာက ငါးမမျှားရဘူးဆိုတာ ခင်ဗျားသိတယ်မဟုတ်လား.."
"အင်းလေ.. အခုက ကျွန်မစာဖတ်နေတာလေ.."
"ခင်ဗျားမငြင်းပါနဲ့… ခင်ဗျားဘေးမှာ ငါးဖမ်းဖို့အတွက် လက်နက်ကိရိယာတွေပါတယ်..အဲဒီတော့ ခင်ဗျားကိုဒဏ်ရိုက်ရမယ်.."
"ကျွန်မကိုဒဏ်ရိုက်မယ်ဆိုရင် ကျွန်မလည်းရှင့်ကို မုဒိန်းမှုနဲ့တရားပြန်ဆွဲရလိမ့်မယ်.."
"ဘာဆိုင်လို့လဲ.. ခင်ဗျားကိုကျုပ်လက်နဲ့တောင်မထိဘူးနော်.."
"လက်နဲ့တောင်မထိတာတော့ဟုတ်ပါတယ်. . ဒါပေမယ့် ရှင့်မှာလည်းလက်နက် ကိရိယာတွေ အစုံအလင်ပါတယ်လေ…"

မင်းတော်တယ်
အင်တာဗျူးတစ်ခုတွင်ဖြစ်သည်။
ပထမတစ်ယောက်ကို သူဌေးကမေးတယ်..
"တစ်နဲ့တစ်ပေါင်းရင် ဘယ်လောက်ရလဲ.."
ထိုသူက၀မ်းသာအားရ..
"တစ်နဲ့တစ်ပေါင်းရင် နှစ်ပေါ့ဆရာ.."
"မင်းတော်တော်အသုံးမကျတဲ့ကောင် သွားတော့…"
ဒုတိယတစ်ယောက်..
"တစ်နဲတစ်ပေါင်းရင်ဘယ်လောက်ရလဲ.."
ဒုတိယလူက ပထမတစ်ယောက်ဖြေထားတာကို အပြင်မှာကြားထားတော့ ဒီလိုဖြေတယ်..
"တစ်နဲ့တစ်ပေါင်းရင် သုံးပါဆရာ.."
"မင်းလည်းအသုံးမကျဘူး.. သွားတော့.."
"တတိယတစ်ယောက်"
"ထပ်မေးတယ်.. တစ်နဲ့တစ်ပေါင်းရင်ဘယ်လောက်လဲ…"
တတိယလူက ဟိုကြည့်ဒီကြည့်လုပ်တယ်.. ပြတင်းပေါက်တွေကိုပြေးပိတ်တယ်.. ပြီးတော့သူဌေးအနားကိုအသာအယာလေးကပ်သွားပြီး
"ဆရာက ဘယ်လောက်ဖြစ်စေချင်တာလဲ…ပြောပါ"
"မင်းတော်တယ် .. မင်းကိုအလုပ်ခန့်လိုက်ပြီ"

ရှက်လို့
တစ်ခါက အလွန်အရှက်အကြောက်ကြီးတဲ့အပျိုကြီးညီအစ်မနှစ်ယောက်ကို အဖေလုပ်သူက လူကြားထဲတိုးရဲအောင် မောင်မြန်မာပြိုင်ပွဲကိုလက်မှတ်ဝယ်လာပြီး သွားကြည့်ခိုင်းတယ်..
အပျိုကြီးနှစ်ယောက်လည်း ဖခင်ကိုမလွန်ဆန်နိုင်တာနဲ့ ကြောက်ကြောက်နဲ့ သွားကြည့်ကြတာပေါ့..
ပြန်လာတော့ မျက်နှာတွေရွှင်လန်းလာတဲ့အပျိုကြီးနှစ်ယောက်ကို ဖခင်က ၀မ်းသာအားရမေးတယ်..
"မောင်မြန်မာပွဲသွားကြည့်တာ ကောင်းရဲ့လားသမီးတို့"
"ဟုတ်..အဖေ.. ကောင်းပါတယ်.. မိန်းကလေးတွေပြိုင်ကြတုန်းကတော့ ကြည့်လို့ ကောင်းပါတယ်အဖေရယ်..ယောက်ျားလေးတွေပြိုင်တော့အဖေရေ.. အ၀တ်ဗလာနဲ့ဆိုတော့ ရှက်ဖို့ကောင်းလိုက်တာ.. အဲဒါနဲ့ သမီးတို့လည်း မျက်လုံးကို လက်နဲ့ကွယ်ပြီး မောင်မြန်မာတွေရဲ့အ၀တ်ပါတဲ့နေရာကိုပဲ ကြည့်ပြီးပြန်လာခဲ့ရတယ်…"

ဖတ်မိ မှတ်မိသမျှလေးတွေပါ ...မူရင်းရေးသားသူတွေနဲ့ လာရောက်ဖတ်ရှုသူ သူငယ်ချင်းများကို ကျေးဇူးအထူးတင်ပါတယ်...။
                                                                            ရဲရင့်ကိုကို 

No comments: