Monday, July 23, 2012

သူငယ်ချင်းတို့ရေ...

အာဇာနည်နေ့အတွက် ကဗျာတစ်ပုဒ်ကို အခုမှရေးတင်ဖြစ်တယ်ဗျာ...

ဇူလိုင်(19)

ခြေရာတွေပြောင်းခဲ့ပေမယ့်..
သမိုင်း ဘယ်တော့မှမဟောင်းဘူး
ပုခုံးနှစ်ဘက်ကြားခေါင်းပေါက်တာချင်းအတူတူ
ပေးဆပ်မှုက ကွဲပြားပါရဲ့..။
ကျွန်တော်တို့မသွားခင်ကတည်းက
လားခဲ့ရတဲ့လူတွေ..
ကျွန်တော်တို့ မရောက်ခင်ကတည်းက
ဖောက်ခဲ့ရတဲ့လမ်းတွေ
သူတို့ပုခုံးနှစ်ဖက်နဲ့လေ..။
အဲဒီချွေးတစ်စက်မှာ
စေတနာ မေတ္တာ လှိုင်လှိုင်ပွင့်လို့
ဒီမြေမှာတင့်ခဲ့တာ...။
သူငယ်ချင်းတို့ရေ
အဲဒီအဖြူရင့်ရင့် နှလုံးသားပိုင်ရှင်တွေ
တစ်ဘ၀သာသေလေရဲ့
အဲဒီတစ်ဘ၀စာမီးအတွက်
ငါတို့တွေ ထီးမဖွင့်ရသေးဘူး..။
                                  ရဲရင့်ကိုကို

No comments: