Tuesday, July 24, 2012

ခွေးစကားပုံများ

ဒီပို့စ်လေးမှာ ခွေးနဲ့ပတ်သက်တဲ့စကားပုံတော်တော်များများကို ရှာဖွေတင်ပြထားပါတယ်...။ လိုအပ်တာများလည်း ရှိကောင်းရှိနိုင်ပါလိမ့်မယ်.. ဒါပေမယ့် တော်တော်လေးပြည့်စုံပါပြီလို့ ထင်မှတ်မိပါတယ်.. ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်သူငယ်ချင်းတွေ မဆိုသလောက်လေး တစ်ခုခုသိသွားပြီဆိုရင် ကျွန်တော်အပင်ပန်းခံရကျိုးနပ်ပါပြီ...


လမ်းမသိခွေးနောက်လိုက်
ခွေးကျိုးနဲ့ယုန်လိုက်
ယုန်တောင်ပြေး ခွေးမြောက်လိုက်
ဖြစ်မယ့်ခွေးအမွှေးတခြား
ငရဲခွေးကို ရဲဆေးတင်စရာမလို
တောခွေးကျားမကြောက်
ခွေးအိုကြီး လက်ပေးသင်
ခွေးဖြူတော့မတိုးဝံ့
ထီးဝန်းနဲ့မှိုဖြူ ခွေးဖြူနဲ့ခြင်္သေ့
ခွေးတစ်ကောင်နဲ့မျောက်တစ်ကောင်
ခွေးရှုးလျှင် မြွေနမ်း
ကျွန်လိမ္မာနောက်ဆုတ် ခွေးလိမ္မာအမြီးကုပ်
မင်းတုတုခွေးသေသေ သွေးတွေတွေယိုဘိ
မင်းကတော် ကျွန်ပုံပေါက် ခွေးလောက်မကောင်း
လူပုစိတ်တို ခွေးပုရန်လို
လူမလေးခွေးမခန့်
ခွေးအလုပ်မြင်းလုပ်တော့ ဘေးကိုဝါးရင်းတုတ်နဲ့အတီးခံရ
ခွေးသူခိုး ရွာလည်
ချေးတုံးကိုခွေးနိုင်
ပက်ကြားအက်ထဲကချေး ခွေးယူမရ
စည်သားရေ ခွေးမျှော်
ခွေးသူခိုး အိုးလည်ပင်းစွပ်
အစားအသောက်မီးလိုတောက် အလုပ်အကိုင်ခွေးလိုမှိုင်
ခွေးသူခိုးလာ အိမ်ခွေးအမြှီးနှံ့
အထက်လွန်ကျစ် အောက်ခွေးစား
ခွေးကျင့်ခွေးကြံ
တစ်သိန်းတန်တဲ့ ရွှေခွက် ခွေးချေးနဲ့ပက်သလို
ခွေးမြီှးကောက် ကျည်တောက်စွပ်
ခွေးနေရာမရ
ခွေးစားဝက်စား
ခွေးအိပ်ဝက်အိပ်
ဝက်ခြေရာ ခွေးခြေရာဆုံ
ခွေးနိုင် ၀က်နိုင်
ဆင်နောက်ခွေးပါ
ဆင်နှာမောင်း ခွေးချီ
ဆင်ပေါ်ကလူ ခွေးဟောင်
ဆင်မြှီးခွေးမျှော်
ဆင်ကိုလိုရ်ျ မြှီချေး ခွေးနှင့်နှိမ်
ကုလားရွှေ ခွေးနင်း
ခွေးမရောက် အိမ်ခေါင်မိုး
အိမ်ခေါင်းမိုးခွေးတက် စီးပွားပျက်
ကြောက်ကျမကျ ခွေးကျကျ
ယာရှင်မျောက်မောင်း အိမ်ရှင်ဧည့်စောင်းခွေးကိုမောင်း
ခွေးစကားကျားယုံ
ခွေးမှာအရောင် ကြောင်မှာအမွှေး
ခွေးဖိုးတစ်ထောင် ကြောင်ဖိုးတစ်သိန်း
ဖျံနှစ်ကောင်အငြင်းပွား ငါးကြင်းအလယ်သား ခွေးရလို့သွား
သောင်ပြင်မှာ လွှတ်တဲ့ခွေး
ခွေးစကား ပုဏ္ဍားယုံ
ဖျာလိပ်ထဲ ခွေးဝင်
ခွေးဝမ်းသာအောင် လေလည်ပြ
ခွေးဟောင်တိုင်းထကြည့် အိပ်ရေးပျက်
လင်စံရွေး လင်ခွေးနဲ့ညား
ခွေးထီးလောက်မှ မမြတ်
ဟောင်လွန်းသောခွေး လူမလေး
ခိုးစားလည်း ခွေးဟောင် လုပ်စားလည်း မိုးခေါင်
မုဆိုးမအိမ်ထောင် ခွေးပင်မဟောင်
ဆန်ပါရ်ျ ထမင်းရည်သောက်ရ၊ ခွေးပါလျှင်ငတ်သေးရဲ့
ကံကောင်းချင်တဲ့ခွေး ပြေးရင်းလွှားရင်း ချေးပုံဟပ်မိ
မွဲချင်တဲ့ခွေး ပြာပုံတိုး
မီးယုံလို့ ခွေးမတိုး
ခွေးလက်နဲ့မီးယက်
ခွေးလေးခုန်လို့ ဖုံမထ
ခွေးလေးအရောဝင် ပါးယက်နားယက်
ခွေးဖင်သီလျှင် ဧည့်သည်ရောက်
ခွေးကိုရိုက်ချင် ခွေးရှင်မျက်နှာထောက်
ခွေးနာလောက်ကိုက်
ခွေးကောင်ပုပ်လေ လင်းတကြိုက်လေ





ခွေးရူးနဲ့ခွေးကောင်းကိုက် ခွေးကောင်းနားရွက်ဖြတ်ခံရတတ်
ခွေးရူးကောင်းစား တမွန်းတည့်
ခွေးတစ်ကောင် သားရေစားရ်ျ ခွေးအများအသတ်ခံရ
ခွေးပါးစပ်က နတ်စကားထွက်
ခွေးစကားယုံ ခြုံမှာစောင့်တဲ့ပုဏ္ဍား
ခွေးကြီးမှ ရန်လုံမှည့်နေ
ခွေးဖြစ်မှတော့ မစင်မကြောက်
ခွေးသုန်လျှင် ဈေးကုန်သက်သာ
ခွေးကိုရန်မူရိုက်သောသူသည် ရိုက်သူလည်းခွေး၊ ခွေးလည်းခွေး
တောင်ကူးမြောက်ပြေး ရွာဆော်ကြီးခွေး

သူငယ်ချင်းများအားလုံး ကျန်းမာချမ်းသာကြပါစေဗျာ...
                                              ရဲရင့်ကိုကို

No comments: