Monday, July 23, 2012

ဟာသကဗျာ တစ်ပုဒ်စ နှစ်ပုဒ်စ


ကြံရာမရ
 ချစ်သူကရွှေ ကိုယ်ကငပေ
အလှမ်းကွာလှချေ...။
ချစ်သူကလှ ကိုယ်မရမက
လက်လှမ်းလိုက်တယ်ဟ
ဒါပေမယ့်လည်းချစ်သူရာ
ရက်စက်လွန်းတယ်ကွာ...။
ရေခြားမြေခြားထွက်ခွာသွား
ကိုယ့်မှာမြက်ခြောက်ဝါး...။

                    ရဲရင့်ကိုကို

ရွှေမြို့သားဖြစ်ပုံ
 တောရွာကိုအလည်သွား 
ရွှေမြို့သားကိုလူလည်
ကျွေးသမျှအကုန်စား
လာထားပေါ့ကွယ်...။
တွေးဆ မပူတယ်
အန္တရာယ်ဒီအရေး
ဝမ်းဗိုက်နာချိန်ခါရောက်ကာမှ
အိမ်သာဆိုရှာမတွေ့တာကြောင့်
ရွာဓလေ့သာ ခြုံရှာတိုးရတယ်
ဆိုးလှချည်လေး...။
                     ရဲရင့်ကိုကို
                     2011ဧပြီလထုတ်၊ ရယ်စရာရသစုံမဂ္ဂဇင်း

အောက်ကကဗျာတွေကတော့ ဖတ်မိထားတဲ့ သူများရေးထားတဲ့ကဗျာလေးတွေပါ မူရင်းရေးတဲ့လူတွေကို နာမည်မမှတ်မိလို မဖော်ပြနိုင်ပေမယ့်.. ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်

ရှုံးမဲ.. မဲခြင်း
ခယ်မချောလေးလင်နောက်လိုက်
ခဲအိုအူနု မြွေခြောက်ကိုက်
မျက်ဖြူဆိုက်တဲ့ခဲအိုမှာ
အကြံအိုက်ပေါ့ကွာ
ရှုံးမဲ..မဲကာအရွဲ့တိုက်
မယားလှိမ့်ကာရိုက်..။

အရိပ်ကလေး
 မင်းအပြင်ထွက်တဲ့အခါ နောက်ကိုလှည့်မကြည့်နဲ့
မင်းနောက်မှာကိုယ်ရောက်နေပြီ
ကိုယ်ဟာအရိပ်ကလေးပါအချစ်ရယ်..။
မင်းလမ်းလျှောက်ထွက်တဲ့အခါ
နောက်ကိုလှည့်မကြည့်နဲ့
မင်းနောက်မှာကိုယ်ရောက်နေပြီ
ကိုယ်ဟာ အရိပ်ကလေးမို့လို့ပါကွယ်..။
မင်းဘေးအန္တရာယ်ကြုံတဲ့အခါ
နောက်ကိုလှည့်မကြည့်နဲ့
မင်းရှေ့မှာ ကိုယ်ပြေးနေပြီ
ကိုယ်ဟာ ကြောက်တတ်လွန်းလို့ပါကွယ်..။

ထုံးစံ
 ချစ်သူဘဝ
တော်တော်ပျော်ရ
လက်ထပ်ကာစ 
မရိုးမရွ
ကလေးနှစ်ယောက်လည်းရ
အလကား ဟာမ ..။

ယောက္ခမ
ချစ်သူကခွေးညိုဆို
ကိုယ့်မှာကဂုတ်ကျား...။
တူနှစ်ကိုယ်နီးချင်ပါလျက်
ချီး(ချေး)ပုံကခြား ...။

သူငယ်ချင်းတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်..

 



No comments: