Monday, July 23, 2012

အထက်ပေါက်နှင့်အောက်ပေါက်ပုံပြင်..

ဒါယိကာမတစ်ယောက်သည် ဗန်းမော်ဆရာတော်အား ဆွမ်းစားပင့်ရာတွင် စဉ်းစားမသိသည်နှင့် "ဆရာတော်ဘုရား ဆွမ်းဟင်းအတွက် ချဉ်ပေါင်ရွက်နှင့်ဝက်သားရောချက်ဖို့စီမံခဲ့ပါတယ်ဘုရား။ ဆရာတော်ဘုဉ်းပေးမှ ဘုဉ်းပေးပါ့မလားဟု အောက်မေ့မိ...ပါတယ်ဘုရား" ဟု လျှောက်ထားလေရာ ဆရတော်က "မင်းစကားဆိုက်လာတော့လည်း ပြောရတာပေါ့ကွာ"ဟု အစချီကာ အောက်ပါပုံပြင် ကိုပြောပြလေသည်။

အထက်ပေါက်ကြောက်ကာမှ အောက်ပေါက်နဲ့တွေ့

ရှေးအခါက အညာဒေသရှိရွာတစ်ရွာတွင် ဦးပဉ္ဇင်းလေးတစ်ပါးသည် ကျောင်းထိုင်ဘုန်းကြီးအဖြစ် ခံယူနေလေသည်။ ရပ်ထဲရွှာထဲမှ ဒကာမတစ်ဦးသည်အခြားသူများထက်ပိုရ်ျ ဆွမ်းအုပ်ကိနေ့မှန် ရက်မှန် ချက်ပြုတ်လှုဒါန်းလေသည်။
ထိုဆွမ်းဒကာမမှာ ပေါက်ပွင့်သုပ်ကို လက်ကိုင်ပြုရ်ျ နေ့စဉ်လှုဒါန်းလေသည်။ ကျောင်းထိုင် ကိုင်တော်လေး ပေါက်ပွင့်သုပ်ကိုနေ့စဉ်ပင်မှီဝဲနေရသည်။ နှစ်ရှည်လများဖြစ်လာသော် ပေါက်ပွင့် သုပ် မုန်းလာတော့သည်။ သို့ဖြစ်ရ်ျ ကိုယ်တော်လေးသည် စားရဖန်များလာပြီးစိတ်ညစ်ရ်ျ နေလေ သည်။
ရက်ပေါင်းကြာညောင်းလာသည့်အခါ ပေါက်ပွင့်သုပ်ကိုကြောက်ရ်ျ ဦးပဉ္ဇင်းလေးသည် ထိုရွာမှ တိတ်တဆိတ်ထွက်ခွာရ်ျ အောက်ပြည်အောက်ရွာသို့စုန်ဆင်းလာခဲ့လေတော့သည်။
ငါးပိငါးခြောက်ပေါသည့် အောက်ပြည်အောက်ရွာတစ်ရွာတွင် ပထမ အာဂန္တုဧည့်သည်အဖြစ် နေရသည်။ နောက် အကြောင်းသင့်ပြီးထိုရွာမှာပင် ကျောင်းထိုင်ဘုန်းကြီးဖြစ်ရ်ျ လာရပြန်သည်။
ထိုရွာတွင်လည်း ဆွမ်းဒကာမတစ်ဦး အခြားသူများထက် ထူးခြားစွာထွက်ပေါ်လာပြန်သည်။ ကျောင်းထိုင်ကိုယ်တော်လေးကတော့ ငါးပိငါးခြောက်ပေါသည့်အောက်ပြည်အောက်ရွာရောက်လာ ရ်ျ အညာကပေါက်ပွင့်နဲ့တော့လွဲပြီဟု ထင်မှတ်ထားသည်။ ထိုရွာမှ ထူးခြားစွာပင် ဆွမ်းဒကာမတစ် ဦးသည် နေ့မှန်ရက်မှန် ဆွမ်းအုပ်ကိုချက်ပြုတ်လှုဒါန်းပြန်သည်။ ထိုဆွမ်းဒကာမကလည်း နေ့စဉ် ပေါက်ပွင့်သုပ်ကို ပင်တိုင်ဆွမ်းဟင်းအဖြစ် အသုံးပြုပြန်သည်။
ကျောင်းထိုင်ဦးပဉ္ဇင်းလေးသည် ငါတော့ပေါက်ပွင့်သုပ်နှင့်ပင် လာတိုးရပြန်ပြီဟု စိတ်ညစ်ပြန် သည်။ သုံးကျောင်းပြောင်းရ်ျတော့မဖြစ်ဘူး။ တစ်ခြားတစ်ရွာပြောင်းရွေ့သွားပါက ပေါက်ပွင့်သုပ် တောင်မှ မစားရဘဲနေချေဦးမည်ဟု တွေးတောမိပြီး ဆွမ်းအုပ်ချက်သည့်ဒကာမအား ဟင်းပြောင်း ချက်ရန်ပြောမှပဲဟု စဉ်းစားထားလေသည်။ အတော်အတန်ရင်းနှီးလာသည်ဖြစ်ရ်ျ ပြောရဲဆိုရဲလည်း ရှိလာသည်။
နောက်တစ်နေ့ ဆွမ်းအုပ်ချက်သည့်ဒကာမကျောင်းသို့ဆွမ်းအုပ်လာအပို့တွင်....
"ဒကာမကြီး... ဒီနေ့တော့ ဘာဟင်းချက်ခဲ့သလဲ" ဟု ကိုယ်တော်လေးက ပေါက်ပွင့်သုပ်နဲ့ လွဲပါစေဟု အောက်မေ့ပြီးမေးလေသည်။
"မှန်လှပါ.. ပေါက်ပွင့်သုပ် ပင်တိုင်ဟင်းပေါ့ဘုရား" ဟု လျှောက်ထားလိုက်လေသည်။
ထိုအခါ ကိုယ်တော်လေးသည်မထိန်ချန်တော့ဘဲ ဟင်းပြောင်းချက်ရန်ပြောလိုက်လေတော့သည်။
"ဟင်းတော့ ပြောင်းချက်ဦးမှပဲဒကာမကြိး၊ ကျုပ်အထက်အညာမှာ ကျောင်းထိုင်တုန်းကလည်း ပေါက်ပွင့်သုပ်နေ့စဉ်စားနေရတာနဲ့ စိတ်ညစ်ပြီးအောက်ပြည်အောက်ရွာကို ထွက်လာခဲ့တာ။ အခုလည်း ဒကာမကြီးတို့အောက်ပြည် အောက်ရွာမှာ ဒီပေါက်ပွင့်သုပ်နဲ့ပဲ လာတိုးရပြန်ပြီ" ဟု ပြောဆိုလေသည်။
ဆွမ်းဒကာမလေးသည် ကိုယ်တော်လေး မျက်နှာကိုကြည့်ရ်ျ ....
"ဒါဖြင့် ကိုယ်တော်အထက်ပေါက်နဲ့ အောက်ပေါက် ဘယ်ဟာပိုကောင်းသလဲ" ဟု မေးလေ သည်။ ဦးပဉ္ဇင်းလေးသည် ခပ်ပြုံးပြုံးနှင့်ပင်အောက်ပေါက်က သာရ်ျကောင်းကြောင်း ပြောလိုက်ရ လေသည်။ ထိုသို့မပြောလျှင် ချက်လက်စပေါက်ပွင့်သုပ်တောင်မစားဘဲ နေရတော့မည်ဟုတွေးမိ ပြီး ပြောလိုက်ခြင်းဖြစ်သည်။
အခုလည်း ဒကာက အမွန်အမြတ်စီမံချက်ပြုတ်ထားသည့် ချဉ်ပေါင်ရွက် ၀က်သားရောချက် တာ "အောက်ပေါက်က သာတယ်ပဲ ပြောရမှာပေါ့" ဟု ကွမ်းစားရင်း ခပ်ပြုံးပြုံးလုပ်ကာ ဗန်းမော်ဆရာတော်က ပြောလိုက်လေသည်။
                                                                                ရဲရင့်ကိုကို
ဗန်းမော်ဆရာတော်
ဥပမာပုံပြင်ဝတ္တုများနှင့်ဟာသရသကဗျာများမှ..

No comments: