မစိုက်မပျိုးဘဲနဲ့
ရှင်သန်ကြီးထွားလာတယ်...
ငါ့ရဲ့ ရာဟုအက်ဆေးတစ်ပုဒ်က
အကိုင်းအခက်တွေ ဝေဆာ ပွင့်ဖူးလာလေရဲ့...။
မနေ့ကလို
ဒီနေ့လို
မနက်ဖြန်ကို သမရိုးကျ...
ကမ္ဘာမကြေသီချင်းကို ရေမရောဘဲ သီဆိုခဲ့......။
အရုဏ်ဦးကို လွှင့်ပစ်ခဲ့ရတဲ့ ညသန်းခေါင်က
ခါးတယ် .. ခါးတယ်.. တသွင်သွင်ငြီး..
ကိုယ့်အသားကိုယ်လှီးထုတ်ခဲ့ရတဲ့ မျက်ရည်တွေကို
ဥပက္ခာအကြိမ်ကြိမ်ပြုလို့....။
ကျွန်တော်တို့..
ကောင်းမွန်ခြင်းကို အဖြူထည်စားကြရအောင်ဗျာ...
ဝတ်ထားတဲ့ အင်္ကျီတွေလို...
စိတ်ဓာတ်ကိုအကြိမ်ကြိမ် မလျှော်ဖွတ်ပါရစေနဲ့တော့...
ဒီအတိုင်းလေးပဲ ငြိမ့်ညောင်းပါစေ..။
ဒီအတိုင်းလေးပဲ ဖြူစင်ပါစေ...။
မြန်မာရုပ်ရှင်ကားတစ်ကားလို..
ကြည့်ပြီးသား ဘောလုံးပွဲတစ်ပွဲလို
ပြဒါးသုတ်မထားတဲ့ မှန်လို..
အနာဂတ်ဆိုတာ ကြိုမမြင်ရတော့...
ကိုယ်လျှောက်တဲ့လမ်း..
အထီးမှန်း အမမှန်း မသိတဲ့အဖြစ်မှာ
(အသက်ရှုရတာ ကြပ်ကြပ်)
မိုးမနက်တွေ လေမ၀င်တော့ဘူး...။
ရဲရင့်ကိုကို
လာရောက်ဖတ်ရှုသူ သူငယ်ချင်းများကို အထူးကျေးဇူးတင်ရှိပါတယ်ဗျာ။။
No comments:
Post a Comment