Sunday, June 9, 2013

လူသား စတင်ဖြစ်ပေါ်လာပုံ


သမီးတို့ သားတို့ရေ .. “လူသား” ဆိုတာ ဘယ်ကစဖြစ်လာလည်း .. “အထီး၊ အမ” ရယ်လို့ .. ဘယ်လိုခွဲခြားခဲ့သလည်း ဆိုတဲ့ .. ပုံပြင်လေးကို ကနေ့ .. မားးးသံ ပြောပြမယ်ကွယ် ..

ဟိုးးး .. စင်္ကြာဝဌာရယ်လို့ စဖြစ်ခဲ့တဲ့ အချိန်ကပေါ့ကွယ် ..

နေ (နေမင်းသား) နဲ့ လ (လမင်းသမီးလေး) က .. အခုလို နေ့နဲ့ ညရယ်လို့ အချိန်ခွဲလေ့ မရှိပဲ .. အတူတူဝင် အတူတူထွက်နဲ့ သိပ်ချစ်ကြသတဲ့လေ ..

အဲလိုနဲ့ .. အနေတွေကြာလာတော့ လမင်းသမီးလေးမှာ ကိုယ်ဝန် ရှိလာသတဲ့လေ။ ဒါပေမယ့် အလွန်မြင့်မြတ်သော နေမျိုးနွယ် တွေရဲ့ အမိ၊ အဖ၊ ဆွေမျိုးတွေ (နေကြီး တွေ) က ကိုယ်ပိုင် အလင်းရောင် မရှိရှာတဲ့ လ လေးနဲ့ လုံးဝ သဘော မတူကြတဲ့အတွက် နေ နဲ့ လကို ခွဲပစ်လိုက်ကြသတဲ့လေ။ အဲဒါကြောင့် နေမင်းသား သာတဲ့ အချိန်မှာ လမင်းသမီးလေးကို ဖွက်ထားပီး လမင်းသမီးလေး ရောက်လာတဲ့အခါ နေမင်းသားကို မထွက်စေပဲ ချစ်ခြင်းကို ခွဲလိုက်ကြသတဲ့ကွယ် ....

အဲလို နေလာရာကနေ တစ်ရက်မှာ လမင်းသမီးလေး ကိုယ်ဝန် ရက်စေ့တော့ ဒီ “ဘဒ္ဒ ကမ္ဘာကြီး” ပေါ်ကို ဥ လေးတစ်လုံး ဥ ပါသတဲ့။ လမင်းသမီးလေးက ဥတဲ့အတွက် “လ ဥ” (“လဥ” ဟု ဆက်တိုက်မဖတ်ရ) ပေါ့ကွယ်။ အဲဒီ ဥ ကလေးကနေ အချိန်တန်တော့ အကောင်လေး “၂ ကောင်” ပေါက်ဖွားလာတယ်တဲ့။ အကောင်လေး ၂ ကောင်က ခပ်ဆင်ဆင် တူပေမယ့် အမျိုးအစားမတူကြဘူးတဲ့ (အထီး၊ အမ မတူတာပေါ့ဗျာ)။ အဲ့တုန်းက ကျား၊ မ ဆိုတာလည်း ဘယ်လိုခွဲရမှန်းမသိပဲ ဒီလိုပဲ လျှောက်သွားနေတာပေါ့။

ထူးခြားတာက အဲ့တုန်းက ကမ္ဘာကြီးပေါ်မှာ “လောက်” တွင်းကြီး တစ်တွင်း ရှိသတဲ့လေ (ဘယ်က ဘယ်လိုရောက်လာလည်း မမေးနဲ့ ဒါ “ပုံပြင်”)။ ခုန ၂ ကောင်ထဲက တစ်ကောင်က အင်မတန် ဆော့ပီး၊ နောက်တစ်ကောင်က အင်မတန် သိမ်မွေ့ညင်သာတယ်တဲ့။ ၂ ကောင်လုံးက အဲ့ “လောက်” တွေကို ကြောက်သတဲ့လေ။ (လောက်ကို မကြုံဘူးတော့ ကိုက်တတ်တယ်၊ ကြောက်စရာအကောင်လို့ ထင်ကြတာပေါ့)

တစ်နေ့တော့ ဟို ကမြင်းတဲ့ အကောင်လေးက ဆော့ရင်းနဲ့ လောက်တွင်းထဲကို ဇောက်ထိုးကျပါလေရောကွယ်။ အဲ့မှာ သူကိုယ်တိုင်ကလည်း စူးစမ်း၊ စိတ်ကလည်း မာတော့ လောက်တွင်းထဲက လောက်တွေက မကိုက်တတ်တဲ့ အကောင်တွေမှန်း သိသွားပီး လောက်တွေကို မကြောက်တော့ပဲ သတ္တိရှိတော့ အတက်လေးပေါက်လာပြီး “လောက်ပီး” (ပြောင်းပြန် မဖတ်ရ) သွားသတဲ့လေ။ (ဒုတ်ပီး၊ ဒါးပီး၊ သေနတ်ပီးသလိုပေါ့)

သူက လောက်ပီး ပေမယ့် အပေါ်မှာ ကျန်ခဲ့တဲ့ အကောင်လေးကတော့ “လောက်မပီး” (ထပ်ပြောမယ် ပြောင်းပြန်မရွတ်ရ) ရှာတော့ဘူးတဲ့။ လောက်မပီးတော့ လောက်ကိုက်ခံရပြီး သူ့ကိုယ်ပေါ်မှာ "လောက်ပိုး" (ဒါလည်း ပြောင်းပြန် မဖတ်ရ) တွေ ကျန်နေခဲ့တာ အခုအထိပဲတဲ့။

နောက်ဆုံးတော့ .. အဲ့ဒီ “လောက်ပီး” တဲ့ အကောင်လေးကို “ယောက်ကျားလေး” လို့ အမည်မှည့်လိုက်ကြပီး .. “လောက်မပီး” တဲ့ အကောင်လေးကိုတော့ .. “မိန်းကလေး” လို့ သတ်မှတ် လိုက်ကြတယ်တဲ့ ..

ဒီလိုနဲ့ အကောင်လေးတွေ အများကြီးဖြစ်လာတော့ လောက်ပီးတဲ့ကောင်လေးက မာန်တက်ပြီး လောက်ပီးတဲ့ အတက်လေး "ထောင် ထောင်" နဲ့ လျှောက်သွားကြသတဲ့။ တချို့က နေပူထဲ အသွားများပြီး အတက်လေးတွေ "ခြောက်"သွားသတဲ့ကွယ်။

နိဂုံးချုပ်လိုက်တော့ “လူသား” ဆိုတာ .. “လ ဥ” က .. ဖြစ်လာပြီးတော့ .. “အထီး၊ အမ” ကိုလည်း “လောက်ပီးခြင်း၊ လောက်မပီးခြင်း” နဲ့ ခွဲခြားလေ့ ရှိကြတယ်ဆိုတာကို .. မားးးသံ ပြောချင်တယ်ကွယ် .........

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Credit to မာမီသံ

မူရင်းလင့်ခ်ကတော့ ဒီမှာ ပါ
မူရင်းပို့စ် ရေးသားသူနှင့် လာရောက်ဖတ်ရှုသူ သူငယ်ချင်းများကို အထူးကျေးဇူးတင်ရှိပါတယ်။
                                                                                                         ရဲရင့်ကိုကို

No comments: