(အပိုင်း - ၁)
"၀ုတ်.. ၀ုတ်...၀ုတ်.. ဂီးးးးး... ဂရားးးး"
"ဟဲ့ .... သောက်ပလုပ်တုတ်"
ကြောင်ထိုင်တိုး သည် နောက်ကို ဖျတ်ခနဲ ခုန်လိုက်သည်။ သူတို့နှစ်ယောက်ရှေ့တွင်
ခွေးနက်ကြီးတစ်ကောင်က အစွယ်တဖွားဖွား... သားရေတမြားမြားနှင့် မာန်ဖီလျက်
ရှိနေသည်။ ကြောင်ထိုင်ထိုးက အီးတီရှေ့တွင်ရပ်ကာ သူ၏ နဂါးမာယာသိုင်းကွက်ကို
စနင်းသည်။
"ဘယ်ခြေတက်၊ ညာခြေဆုတ်၊ ခေါင်းလေးကိုမော့... ဖင်လေးကို ကော့ ... ရော့..."
"ဝေါင်းးးး.... ဂရီးးးး"
"အောင်မလေး ကြောက်ပါပြီဗျ"
ခွေးကြီးက ကြောင်ထိုင်ထိုးကို မျက်စိနောက်လာသဖြင့် ခုန်ဟပ်လိုက်ရာ ကြောင်ထိုင်တိုးက
လျင်မြန်စွာဖြင့် အီးတီးနောက်သို့ ပြေးကပ်ပြီး အီးတီအား ကြောက်လန့်တကား
ဖက်တွယ်ထားတော့သည်။
"ဟဲ့... အဲဒီလက်.. အဲဒီလက် ... ဘယ်နားလာကိုင်... ဖယ်စမ်း.. ဖယ်စမ်း"
"ဟိုက်... ဟုတ်သား.... ဟီးဟီး... ဆောရီး ဆောရီး.... အကျင့်ပါသွားလို့"
အီးတီက ကြောင်ထိုင်တိုးအား မျက်စောင်းခဲရင်း ခါးကြားမှ သေနတ်ကို
ဆွဲထုတ်လိုက်ပြီး ခွေးနက်ကြီးကို ချိန်ရွယ်လိုက်သည်။
ထို့နောက် သေနတ်မောင်းကိုဖြုတ်ချလိုက်သည်။
"ဂတောက်"
သေနတ်ထဲမှ ထွက်ကျလာသည်က ထန်းလျက်ခဲတစ်ခဲ။
ခွေးနက်ကြီးက ထန်းလျက်ခဲကို နမ်းကြည့်သည်။ လျှာဖြင့် တို့ကြည့်သည်။ ထို့နောက်
အီးတီးကို မယုံသလိုကြည့်သည်။ အီးတီ စိတ်မရှည်တော့ ထန်းလျက်ခဲကို ကောက်ယူကာ
တပြွတ်ပြွတ်မြည်အောင် စုပ်ပြလိုက်သည်။ ထိုအခါမှ စိတ်ချသွားဟန်ဖြင့် ခွေးနက်ကြီးက
ထန်းလျက်ခဲကို စားတော့သည်။
တလုတ်စားဖူး သူ့ကျေးဇူးကို သိဟန်တူသော ခွေးနက်ကြီးက အီးတီတို့အား မဟောင်တော့။
လမ်းဖွင့်ပေးလိုက်သည်။ သို့သော် ကြောင်ထိုင်ထိုးကိုတော့ သိပ်မကြည်ချင်။ စောနက
သူ့ရှေ့တွင် ကိုးယို့ကားရားလုပ်ပြသွားသဖြင့်
ဤသို့ဖြင့် အီးတီနှင့် ကြောင်ထိုင်ထိုးတို့နှစ်ယောက် အိမ်ထဲရောက်သွားတော့သည်။
အိမ်ထဲသို့ ရောက်ရောက်ချင်း ထောင်းခနဲထလာသော အရက်နံ့ကြောင့် နှစ်ဦးစလုံး
နှာခေါင်းရှုံ့မိကြသည်။ အီးတီက ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်နေစဉ်နောက်မှ
တချွတ်ချွတ်အသံကြားသဖြင့် လှည့်ကြည့်လိုက်သည်။
ကြောင်ထိုင်ထိုး ..။
လေးဘက်ထောက်ကာ ဖင်ကိုခါယမ်းလျက် ပါးစပ်က တ၀ုဝုဖြင့် အသံပြုနေသည်။
"နင်ဘာလုပ်နေတာလဲ"
"ထန်းလျက်ခဲ တောင်းနေတာလေ.. ၀ု ၀ု ၀ု"
"မနောက်စမ်းပါနဲ့.... အလုပ်ကို သေချာလုပ်စမ်းပါ ... ကိုကိုရဲရင့်ကိုမတွေ့ရင်
ငါ့ကို ငါတို့အကြီးအကဲက ယောက်ကျားအယောက်နှစ်ဆယ်ပေးစားမယ
သူ့ကို အမြန်တွေ့မှဖြစ်မယ်"
"မဟုတ်ဘူး.. တကယ်တောင်းနေတာ.."
အီးတီ ကြောင်ထိုင်တိုးကို အလန့်တကြားကြည့်တယ်..။ ပြီးတော့ သေနတ်ထုတ်ပြီး
ထန်းလျက်ခဲတစ်လုံး ပစ်ချပေးလိုက်တယ်။
"ဂတောက်"
ကြောင်ထိုင်တိုးက ထန်းလျက်ခဲကို ပါးစပ်ထဲပစ်ထည့်လိုက်ပြီး လက်ဝါးနှစ်ဖက်ကို
ရိုက်ခါကာ ပြန်ထသည်။ ထို့နောက် ခါးကြားမှ စာရွက်ခေါက်လေးတစ်ရွက်ကို ထုတ်လိုက်သည်။
"သူ့စာရေးစားပွဲပေါ်က တွေ့တာဟ"
အီးတီ စိတ်ဝင်တစားဖြင့် ယူဖတ်ကြည့်လိုက်သည်။ ကြောင်ထိုင်တိုးကလည်း အတင်းခေါင်းထိုး
ကြည့်သည်။
"ငါ အာကသထဲမှာ .....
ငါ့ကိုလိုက်မရှာကြပါနဲ့...
ငါ လမင်းကြီးကို ဖက်ပြီး အိပ်နေတယ်
ခေါ .. ခ လော"
"ဟင် .. ဘာကြီးလဲ"
"ငါ လကမ္ဘာပေါ် တက်ကြည့်လိုက်ဦးမယ်..." ပြောပြောဆိုဆို အီးတီက ထွက်သွားမည်ပြုသည်။
ကြောင်ထိုင်ထိုးက အတင်းဆွဲသည်။
"နေပါဦး အီးတီရ... သူက နင့်လို ဂြိုလ်သားမှမဟုတ်တာ။ ဘယ်လိုလုပ် လကမ္ဘာပေါ်
တက်နိုင်မလဲ ..."
"အင်း. .. ဟုတ်သားနော်... "
နှစ်ဦးစလုံး ခေါင်းငိုက်စိုက် ကျလျက်.........။
(အပိုင်း- ၂)
-- ထူးဆန်းသောယာဉ်ပျံကြီး --
ညသည် မင်အိုးထဲမှ မီးသွေးခဲပမာ နက်မှောင်နေသည်။ လမင်းကြီးသည်လည်း
အကြွေးရှင်လာ၍ ပုန်းနေရသော ဖဲသမားပမာ.. ထွက်မလာ။ ပတ်ဝန်းကျင်တစ်ခု
လုံးလည်း တိတ်ဆိတ်ငြိမ်သက်၍ တစ်ချက်တစ်ချက် တိုက်ခတ်လာသော လေညှင်း
က နားစည်သို့ဖြတ်သွားချိန်တွင် "ဟီး ဟီး ဟီး ဟီး" ဟု လူမမာညည်းသံပမာအလား
အသံများပေါ်ထွက်နေသည်က ကြောက်မက်ဖွယ်ရာ....။
သို့သော်....
တစ်နေရာတွင်တော့ လမ်းဘေးမီးတိုင်လေးတစ်တိုင်က ထူးဆန်းစွာ လင်းနေသည်။
ထိုဓာတ်မီးတိုင်အောက်တွင် လူတစ်ယောက်...။ တင်ပလ္လင်ချိတ်ထိုင်ကာ ဓာတ်မီးတိုင်
ကို မော့ကြည့်နေသည်။ နှုတ်မှလည်း တတွတ်တွတ် ရွက်ဖတ်သံများကိုလည်း တစ်ချက်
တစ်ချက် မပီဝိုးတ၀ါး ကြားရ၏။
ထိုစဉ်........
"ဝေါ.....ဟောဟော ဝေါ...ဟောဟော ........."
တော်လဲမြည်သံကြီးနှင့်အတူ အမျိုးအမည်မသိ ယာဉ်ပျံကြီးတစ်စင်း ဖြည်းညင်းစွာ
မြေပေါ်သို့ ဆင်းသက်လာသည်။ ထိုယာဉ်ပျံကြီးကား ထူးဆန်းလှပေစွ။
မုန့်လင်မယားသဏ္ဍာန် ဒီဇိုင်းယူထားသော ထိုယာဉ်ပျံကြီး၏ပတ်လည်တွင်
ရောင်စုံမီးများ တလက်လက်ပြေးနေသည်။ မြေပေါ်သို့ ဆင်းချိန်တွင် တီတီတီတီ..
အော်မည်သံနှင့်အတူ... "သတိ... ကားနောက်ဆုတ်မယ်... သတိ ကားနောက်ဆုတ်မယ်"
ဆိုသည့်အသံများပါ ယာဉ်ပျံဆီမှ ကြားနေရသည်။ မကြာမီမှာပင် ယာဉ်ပျံသည်
ကမ္ဘာမြေပေါ်သို့ အောင်မြင်စွာ ခြေချနိုင်လေပြီ။
ထိုအဖြစ်အပျက် အစအဆုံးကို မြင်တွေ့ရသော ဓာတ်တိုင်အောက်မှ လူသည် အံ့သြခြင်း
ကြီးစွာ ယာဉ်ပျံကို ငေးကြည့်နေမိသည်။ ယာဉ်ပျံတံခါး ပွင့်လာချေပြီ။ သူကြည့်နေစဉ်မှာပင်
ယာဉ်ပျံဆီမှ တစ်စုံတစ်ယောက် ဆင်းသက်လာချေပြီ။
"အို....."
နှုတ်မှပင် ကယောင်ကတမ်း ရွတ်ဆိုမိသည်အထိ ထိုလူအံ့အားသင့်သွားသည်။
ယာဉ်ပျံပေါ်မှ ဆင်းသက်လာသည်ကား အလွန်တရာပင် လှပသော မိန်းကလေးငယ်တစ်ဦး။
ထိုလူသည် သားရေတမြားမြားဖြင့် ကြည့်နေစဉ်မှာပင် မိန်းကလေးက သူ့ဆီချည်းကပ်လာ
သည်။
"သားရေတွေ သုတ်လိုက်ပါဦး"
"ဟိုက်.... ဟုတ်သား...."
ထိုလူက အင်္ကျီလက်မောင်းဖြင့် ပါးစပ်ကိုသုတ်ပြီး မေးလိုက်သည်။
"မင်းလေးက ဘယ်သူလဲ..."
"ကျွန်မက အလန်းလေးများဂြိုဟ်ကပါ ... ကျွန်မနာမည် အီးတီလို့ ခေါ်ပါတယ်.."
"ဟုတ်လား... ကျွန်တော့်နာမည်ကတော့ ကြောင်ထိုင်ထိုးပါဗျာ.... ဒါနဲ့ တခြားဂြိုလ်က
လာတာဆိုတော့ ဘာကိစ္စများ ရှိလို့လဲ"
"ဒီလိုပါ.... လာရတဲ့အကြောင်းရင်းကတော့ .. ဒီကမ္ဘာမြေပေါ်မှာ ကိုကိုရဲရင့်ဆိုတဲ့လူက
သူ့ဖေ့စ်ဘွတ်မှာ ပေါက်တတ်ကရ စတေးတပ်တွေတင်တယ်လေ...။ အဲဒါကို ကျွန်မတို့ဂြိုဟ်က
ခေါင်းဆောင်ကြီးက သူ့ပို့စ်တွေ ဖတ်ဖတ်ပြီး သဘောကျနေလေရဲ့.....။ နောက်ဆုံး
သဘောကျရုံတင်မဟုတ်တော့ဘဲ သူ့ကိုတွေ့ချင်တယ်ဆိုပြီး ကျွန်မတို့ဂြိုဟ်ကို
စေလွှတ် အခေါ်ခိုင်းလိုက်လို့ပါ..."
"သူ့ကိုခေါ်သွားပြီး ဘာလုပ်မလို့လဲ"
"ခေါင်းဆောင်ကြီးကတော့ သူ့ကိုသဘောကျလွန်းလို့ ကျွန်မတို့ဂြိုဟ်မှာပျော်အောင်
သူ့ကို မိန်းမခြောက်ယောက် ပေးစားမယ်လို့ပြောတယ်.."
"ဟင်... ဂယ်..."
ကြောင်ထိုင်ထိုး မျက်လုံးပြူးသွားတယ်...။
"မင်းတို့ဂြိုဟ်မှာ မိန်းကလေးတွေက ချောလားဟှင်... ဂလု"
"ချောလား မချောလား ကျွန်မကိုကြည့်ပါလား.. ဘယ်လောက်လှလဲလို့....။ ကျွန်မတို့
ဂြိုဟ်မှာ ရုပ်အဆိုးဆုံးဆိုတဲ့ မမ၀က်ရီ တို့.... ၀ယ်ဝယ်နင်း တို့ဆိုရင်တောင် ဒီကမ္ဘာဂြိုဟ်
ပေါ်က မိန်းကလေးတွေနဲ့ယှဉ်လိုက်ရင် အဆတစ်ရာလောက်သာတယ်... နံ့သာဖြူနဲ့ အီးပဲ"
"ဟုတ်လား......"
ကြောင်ထိုင်ထိုး သဘောကျသွားသည်။
"ဒါဆို နင်ပြန်ရင် ငါလည်းလိုက်မယ်လေ..."
"မရဘူး.. ခေါင်းဆောင်ကြီးက ကိုကိုရဲရင့်တစ်ယောက်တည်းကိုပဲ ခေါ်ခိုင်းလိုက်တာ"
"လုပ်ပါအီးတီရယ်.. ကိုကိုရဲရင့်နဲ့ ငါနဲ့ရင်းနှီးပါတယ်... သူ့ကိုရှာတွေ့အောင်
ငါကူမယ်မယ်လေ.. ။ နင်ငါ့ကိုခေါ်သွားပေး.. ဘယ်လိုလဲ..."
"အင်း.. ဒါဆိုရင်တော့ ခေါင်းဆောင်ကြီးကို ပြောပေးမယ်.. အိုကေ"
"ဟေးးးးးးး"
ကြောင်ထိုင်ထိုး ဂျွမ်းနှစ်ပတ်သုံးပတ်လောက် ပစ်ထိုးလိုက်သည်။ ပျော်လွန်းသဖြင့်
ရှုရှုပေါက်ချင်သလို၊ အင်အင်းပါချင်သလိုလို ဖြစ်သွားသည်။
"ခဏလေး"
ကြောင်ထိုင်ထိုးက ပြောရင်း ငုတ်တုတ်ထိုင်ချလိုက်သည်။ အထိုင်မတော်သဖြင့်
အီးတီ တဖက်သို့ မျက်နှာလွှဲလိုက်ရသည်။ ကြောင်ထိုင်ထိုးကတော့ ကိုယ့်ကိုယ်ကိုယ်
သတိမထားမိ။
"အင်း.....ကိုကိုရဲရင့်က ၁၉၈၉ ဖွားဆိုတော့ ... ၇နဲ့စား.... သုညကြွင်း.... သူ ကြီး အောင်
လံ ထူ စစ် ... အင်း.. ဟုတ်ပြီ... အဲ.... ဟုတ်ပြီ"
"နင် ဘာလုပ်နေတာလဲ" အီးတီက နားမလည်သဖြင့် မေးသည်။
"ဗေဒင်တွက်နေတာလေ.... ငါ့နာမည်က ဗေဒင်ဆြာ ကြောင်ထိုင်ထိုးတဲ့....
မြန်မာပြည်တခွင် ဖိန့်ဖိန့်တုန်ကြောင် ကျော်ကြားတာပေါ့.. ဟင်းဟင်း....... အဲ......
ဟုတ်ပြီ ... မဟုတ်ဘာအရ... အဲလေ.. မဟာဘုတ်အရရော... တခြား နက္ခတ္တဗေဒ
တွက်နည်းတွေအရပါ တွက်ကြည့်လိုက်တော့ ကိုကိုရဲရင့်ဟာ ကံဇာတာနိမ့်နေတဲ့အတွက်
ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်နေလို့ ပတ်ပြေးနေရမယ် လို့ ပြောနေတယ်...."
"ဘယ်သူပြောတာလဲ"
"ဗေဒင်ပါဆို.... နင်ကလဲ... ငါ့ .. ကျပ်နေသလားမှတ်ရတယ်.. ဟွင်းးး"
"သိဘူးလေ ... နင်ကလဲ...."
"ဒီမှာကြည့်.." ။ ကြောင်ထိုင်ထိုးက မြေကြီးကို လက်နဲ့ မြေပုံသဏ္ဍာန်ဆွဲပြသည်...။
အီးတီက တစ်နေရာကိုပဲ စူးစူးစိုက်စိုက်ကြည့်နေသည်။
"ငါ့လက်ညှိုးကိုကြည့်ပါဆို" ကြောင်ထိုင်ထိုးက စိတ်မရှည်သလို ပြောလိုက်၏ ..။
"ဘယ်လက်ညှိးလဲဟှင်"
"ဟိုက် .... " ကြောင်ထိုင်ထိုး ထိုအခါမှ ငုံကြည့်ဖြစ်ပြီး မတ်တပ်ထရပ်လိုက်၏။ ပုဆိုးကို
ပြင်ဝတ်ရင်း..။
"ဒါမျိုးကျမြင်တယ်.....ဟွင်း...
ပြီးနောက် ပြန်ထိုင်ရင်း..။
" ဒီမှာ သေချာပြန်ကြည့် .... ဒါက ဒီလမ်းမ ... ဒီလမ်းမကနေ...
ဒီအထိ လျှောက်သွားရင် ဘတ်စ်ကားဂိတ်ရှိတယ်....။ ဘတ်စ်ကားစီးပြီး ကိုကိုရဲရင့်
အိမ်ကို သွားရမယ်...။ လိပ်စာက ×××××××××××"
''ဟုတ်ပြီ... ဒါဆို မနက်ကျရင်သွားကြမယ်....."
"အေး.... ဒါနဲ့ နင့်မှာ ကားခပါရဲ့လား.... ငါ ပိုက်ဆံမရှိတော့လို့..."
"ပါပါတယ်.... ဂြိုဟ်ပေါ်က ငွေလဲကောင်တာမှာ မြန်မာငွေလဲလာပြီးသား...
လိုသလောက်ပါတယ်..."
"တော်သေးတာပေါ့... ဒါဆို မနက်စာပါဝယ်ကျွေး......ဟီးးး...
ကဲကဲ.. နင်သွားအိပ်တော့.. ငါလည်း မီးလုံးကသိုဏ်းရှုလိုက်ဦးမယ်.."
နေကသိုဏ်း၊ ရေကသိုဏ်း၊ လေကသိုဏ်းပဲကြားဖူးပါတယ်.. နင့်ကျမှ
မီးလုံးကသိုဏ်းတဲ့"
"ရေနဲလေက မလုပ်တတ်ဘူးဟ.... နေကသိုဏ်းကလည်း မျက်လုံးစပ်တယ်..
မခံနိုင်ဘူး ... မီးလုံးကသိုဏ်းက မျက်လုံးသိပ်မစပ်ဘူး....။ ကဲပါ.. နင်သွားအိပ်တော့
မနက်ကျမှ တွေ့ကြမယ်..."
"အိုကေ ဂွတ်နိုက်"
"ဂွတ်နိုက်..."
××××××××××××××××××××××××××××××
-- ခွေးနက်ကြီးနှင့် ရင်ဆိုင်ခြင်း --
မနက်မိုးလင်းတော့ အီးတီရော ကြောင်ထိုင်ထိုးပါ တက်ကြွစွာပင် ဘတ်စ်ကားစီး၍
ကိုကိုရဲရင့်အိမ်သို့ ချီတက်ခဲ့ကြတော့သည်။ ဘတ်စ်ကားတစ်ခါမှ မစီးဖူးသော
အီးတီအဖို့ အံ့သြကြီးစွာ မျက်လုံးပြူးဆန်ခါဖြစ်နေ၏။
"ဟယ်... ဒီလောက် ယာဉ်သေးသေးလေးကို လူတွေအများကြီးတင်လို့ရတယ်
ကြည့်စမ်း.. အံ့ကြဖို့ကောင်းလိုက်တာ..."
ဤသို့ဖြင့် ကိုကိုရဲရင့်အိမ်ရောက်ခဲ့လေပြီ.
"ခြံတံခါးက သောခတ်ထားတယ်ဟ... ဘိုလုပ်မလဲ.... ကြောင်ထိုင်ထိုး"
"အသာနေစမ်းပါ.... ငါ့မှာ နည်းလမ်းရှိပါတယ်..."
ကြောင်ထိုင်ထိုးက အုတ်ခဲတစ်ခဲကို ယူကာ သော့ကို ထုချလိုက်သည်။
"ကောင်းလိုက်တဲ့နည်းလမ်း"
္ပဤသို့ဖြင့် တံခါးပွင့်သွားချေပြီ......။
ကြောင်ထိုင်ထိုးက တံခါးကို တွန်းဖွင့်လိုက်လေသောအခါ.......
(ခြံဝန်းထဲသို့ရောက်ရောက်ခြင်း အီးတီနှင့် ကြောင်ထိုင်ထိုးတို့ ခွေးဆိုးကြီးနှင့် ရင်ဆိုင်
ကြုံတွေ့ရပုံမှာ ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းလှသဖြင့် ကျွန်ုပ်၏ ချစ်လှစွာသော
စာရှုသူများ ဦးဦးဖျားဖျား ဖတ်ရှုနိုင်ရန် ၀တ္တု၏အစ.. အပိုင်း ၁ တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
ပုံ..... စာရေးသူ.....)
(အပိုင်း-၃)
“ဒီအတိုင်းနေလို့တော့ မဖြစ်သေးပါဘူး.. တစ်ခုခု ကြံစမ်းပါဦး ကြောင်ထိုင်ထိုးရဲ့”
“ငါလည်း မကြံတတ်တော့ဘူး…။ မသိတော့ဘူးဟာ.. ငါ့ကို နင့်ဂြိုဟ်ခေါ်မသွားချင်လဲ
မခေါ်သွားနဲ့တော့.. အကြံမပေးတတ်တော့ဘူး”
“စိတ်ညစ်တယ်ဟာ.. ငါ့ဘ၀ကိုသနားပါ ကြောင်ထိုင်ထိုးရယ်.. ငါ
သူ့ကိုမတွေ့ရင် ယောက်ျားအယောက်နှစ်ဆယ်တောင် ပေးစားခံရမှာ…
ချုချုးတောင် ပေါက်ချိန်ချိမှာဟုတ်ဝူး.. ကြောင်ထိုင်ထိုးရဲ့.. အဲ့အဲ့”
“အေးပါ.... နေဦး… ငါသူ့ကိုဖုန်းခေါ်ကြည့်လိုက်ဦးမယ်..”
“ဟင်.. ဖုန်းခေါ်လို့ ရတယ်လား.. အစောကြီးကတည်းက ခေါ်ပါလား ကြောင်ထိုင်ထိုးရဲ့.. ဘာလို့ ခုမှခေါ်တာတုန်း.. အချိန်တွေကုန်လိုက်တာ တေနာကောင်ရဲ့”
“ဘေမရှိလို့ဟ.. ခုတောင် လမ်းဘေးဖုန်းက သွားဆက်ရမှာ..”
“ဆက်ဆက်.. မြန်မြန်ဆက်”
ဤသို့ဖြင့် လမ်းဘေးဖုန်း၌ ဂဏန်းအချို့ကို နှိပ်ပြီး သကာလ….။
“ဟယ်လို.. ဘူပါလဲ”
“ငါပါဟ.. ကြောင်ထိုင်ထိုးပါ..”
“သြော်… ပြောဗျ.. ဘာကိစ္စရှိလို့တုန်း.. ”
“မင်း ဘယ်ရောက်နေလဲအခု”
“ကျွန်တော်လား.. ကျွန်တော်အခု 38 လမ်းက စွဲလမ်းဘီယာဆိုင်မှာဗျ.. ။ ဒီမှာ
စာရေးဆရာတွေလည်း အများကြီးဗျာ..။ ဆရာနန္ဒမိုးကြယ်တို့.. မောင်မြင့်မား(ဘိုကလေး)တို့..
နောက် ကျွန်တော် လူမမြင်ဖူးတဲ့ မသိတဲ့စာရေးဆရာတွေလည်း အများကြီး.. သူတို့စကားပြောတာ
ထိုင်နားထောင်နေတာဗျ”
“မင်းပြောတော့ လကမ္ဘာပေါ်မှာဆို”
“ဟာ .. အဲဒါ ကဗျာရေးထားတာဗျ… ဘယ်လိုလုပ် လကမ္ဘာပေါ် ကျွန်တော်က တက်မလဲ”
“အေး .. အဲဒါဆို ငါလာခဲ့မယ်.. ”
“ဘာလာလုပ်မှာတုန်း.. ခင်ဗျားဘီယာမသောက်နဲ့နော်.. ဘီယာသောက်ပြီးလို့ ၀က်ရူးပြန်ရင်
ကျွန်တော် ဆေးရုံကို လိုက်မပို့နိုင်ဘူး”
“ဟေ့ကောင် ငယ်ကျိုးငယ်နာတွေ မဖော်နဲ့.. ဒီမှာ မင်းကို ကောင်မလေးတစ်ယောက်က
လည်း တွေ့ချင်လို့တဲ့”
“စိတ်ဝင်စားတယ်ဗျာ.. ဒါဆို အခုချက်ချင်း လာစေသတည်း.. စောင့်နေမယ်”
“အိုကေ”
“ဂွပ်”
“ကဲ…. .. အီးတီရေ…. လစ်ကြစို့ရဲ့…
ဒန့်တန့်တန့်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“ဟင်.. ဒီဘတ်စ်ကားကြီး စီးသွားရဦးမှာလား”
“ဘတ်စ်ကားပဲ စီးမယ်လေ… လူလေးဘာလေးကြပ်ရင် ကောင်မလေးတွေအနားတိုးပြီး ငါ့အတွက်
ခွင်ဖန်ရတာပေါ့.. ဟဲဟဲ”
“သောက်ကျင့်မကောင်းတဲ့ကောင်”
ဤသို့ဖြင့် စီးတော်ယာဉ်ဘတ်စ်ကားဖြင့် ချီတက်ခဲ့ကြလေသည်။
“ပန်းဆိုးတန်းပါလား.. ပန်းဆိုးတန်းပါလား”
စပယ်ယာ၏ အော်သံနှင့်အတူ ကြောင်ထိုင်ထိုးက
“ပါတယ်ဟေ့ ပါတယ်ဟ”
ဟုဆိုကာ ကားပေါ်မှ ဆင်းမည်ကြံသည်။ သို့သော် တံခါးပေါက်ဝတွင်
ကားပေါ်သို့တက်မည့် ကောင်မလေးများက ပိတ်နေသဖြင့် ကြောင်ထိုင်ထိုး
ဆင်း၍မရ…။ ကြောင်ထိုင်ထိုးကလည်း မဆင်းသေးဘဲ ကောင်မလေးများကို
မျက်စပစ်ပြနေသေးသည်။ စပယ်ယာက စိတ်မရှည်သဖြင့်.......
“ဒီနှာဗူးကလည်း ဆင်းမှာဖြင့် မဆင်းဘူး” ဟုဆိုကာ တွန်းချလိုက်လေသည်။
ကြောင်ထိုင်ထိုး ကံဇာတာ နိမ့်နေသည့်သဘောရှိသည်။ စပယ်ယာက တွန်းချ၍ ကားပေါ်မှ
ကမျောသောပါး ဆင်းရချိန်တွင် ကြောင်ထိုင်ထိုး၏
ပုဆိုးအောက်စအား အီးတီက တက်နင်းထားမိသဖြင့် ကားအောက်သို့
ပုဆိုးကွင်းလုံးကျွတ်လျက်သား မှောက်လျက်လဲကျလေတော့သည်။
“ဟင်…”
“ဟာ…”
“ဟယ်.. ကြည့်စမ်း.. မိန်းမ၀တ်ကြီးနဲ့ တော်ရေ..”
“ဟုတ်တယ်တော့... ဇာလေးတောင် ကွပ်ထားသေးတယ်ဟေ့...”
“ဟိုက်. သေပြီ”
ကြောင်ထိုင်ထိုး ပုဆိုးကို အတင်းပြန်ဝတ်သည်။ မှန်ပေသည်။ သူဝတ်ထားသည်ကား
မိန်းမ၀တ်အတွင်းခံမှ မိန်းမ၀တ်အတွင်းခံစစ်စစ်..။ ပန်းနုရောင်ပိတ်စသား ခပ်ပါးပါးပေါ်တွင်
ပန်းပွင့်ပုံ ရိုက်နှိပ်ထား၍ ဇာအကွက်လေးများက ဘောင်းဘီကို ကွပ်ထားလိုက်သေးသည်။
ကြောင်ထိုင်ထိုးဝတ်လိုက်သောအခါ အလွန်လိုက်ဖက်လေ၏။ နုပေစွ၊ လှပေစွ။ ယဉ်ပေစွ တကား..။
လူအများတွေ့သွားပြီဖြစ်သောကြောင့် ကြောင်ထိုင်ထိုးရှက်စိတ်မွန်ပြီး ဖြဲကား၍ (လူတွေကို)
ဟိုကြည့်ဒီကြည့်ဖြင့် ထွက်ပြေးလေတော့သည်။
(နောက်မှသိရသည်မှာ ထိုမိန်းမ၀တ်အတွင်းခံဘောင်းဘီသည် ကြောင်ထိုင်ထိုး ၀တ်စရာမရှိ၍
အပျိုကြီးအိမ်မှ အလစ်သုတ်လာခဲ့ခြင်းဖြစ်သည်ဟုဆို၏)
ကြောင်ထိုင်ထိုး ထွက်ပြေးသွားသဖြင့် ဘယ်သွားရမှန်းမသိသော
အီးတီတစ်ယောက်တည်းကျန်ခဲ့သည်။ သူလည်း ခုနကလူတွေနှင့် ရောယောင်၍
ရယ်နေရသဖြင့် ကြောင်ထိုင်ထိုးထွက်ပြေးသွားသည်ကို မတားမိ။ ခုတော့ ဒုက္ခတွေ့ပြီ။
သို့သော် အခြားသူမဟုတ်။ အီးတီပဲပင်မဟုတ်လား..။ ဟိုလူမေး.. ဒီလူစမ်းဖြင့်
(ဘာစမ်းမှန်းတော့မသိပါ) စွဲလမ်းဘီယာဆိုင်သို့ ရောက်ခဲ့ပေပြီ။
××××××××××××××××××××××
တွေ့ပါပြီ ကိုကိုရဲရင့်.. ဘီယာအား တစိမ့်စိမ့်သောက်ရင်း မျက်စိက ဂဏှာမငြိမ်
ဟိုကြည့်ဒီကြည့်ကြည့်နေသည်။ အီးတီက ရှေ့တွင်သွားရပ်၍
“ငါက .. ကြောင်ထိုင်ထိုး သူငယ်ချင်းပါ..နာမည်က အီးတီ”
“ကြောင်ထိုင်ထိုးရော”
“ဟိ..”
ကိုကိုရဲရင့်မေးမှ အီးတီမှာ မှတ်တိုင်မှ ကြောင်ထိုင်ထိုးအဖြစ်ကို ပြန်တွေးမိ၍ “ဟိ” ခနဲ ရယ်မိသည်။
“ပြန်သွားပြီ”
“၀ုန်း ....”
“ဟဲ့.. သောက်ပလုပ်တုတ်.. ဘာဖြစ်တာတုန်း ကိုကိုရဲရင့်ရဲ့”
ကိုကိုရဲရင့် ဖောက်လေပြီ..။
ဟဲ့.. သူငယ်မရာ ချောလို့လှလို့ ၀လို့ပါ... သြော်.. တကယ်ပဲကွာ.. အသားလေးဝင်းဝါ၀ါ..
ဘာကြောင့်ကွယ် ဒလောက်တောင်များ လှနေရလဲကွာ.. ရွှေမှုန်စားလို့လား အား
ဟားဟား.. ငွေမှုန်စားလို့လား အား ဟားဟား... ဘာတဲ့တုန်း အီးတီရဲ့..”
“မဟုတ်ရပါ အစ်ကိုကြီးရာ.. စည်ဘီယာ စည်ဘီယာ .. တစ်နေ့ကိုဆယ်ခွက်
အမူးအပြဲသောက်လို့ပါ.... ကျွန်မချောတာ.....ဂျိ”
အမယ်.. အီးတီက ပါးစပ်ဆိုင်းတောင် ပါလိုက်သေး... ကိုကိုရဲရင့်ကလည်း မခေ...။
“အင်း... ဘုန်းကံမြင့်မား.. ကိုယ်တော့်နားကို အခစားရောက်လာ.. နှမတော်လေးဟာဆိုရင်ဖြင့် ..
ဘယ်ဘူတာနား .. ဘယ်ခုံးတံတားအောက်ကပါလဲ ... မောင်ကြီးကို
အမြန်လျှောက်တင်စမ်း နှမတော်ရဲ့....”
“မှန်လှပါ မောင်တော်ဘုရား.. နှမတော်လေးဟာဆိုရင်ဖြင့် ပန်းဆိုးတန်းဘူတာကြီးအနား
ခုံးတံတားအောက်က .... ဟင်.... တေနာကောင်... ငါတောင် ယောင်ကုန်ပြီ.... ။ ငါ့များ
ဘယ်တံတားအောက်ကလဲတဲ့။ နင်ကသာ တံတားလေးသွားရမှာ တေနာကောင်ရဲ့”
“တံတားလေးက အခု မရှိတော့ဘူး.. အီးတီတို့အိမ်ဖြစ်သွားပြီ .. ဟီဟိ......။ ကဲပါ..
လာရင်းကိစ္စ ပြော.... ပိုက်ဆံတော့မချေးနဲ့နော်.. .ဘီယာဖိုးပဲ ရှိတယ်.. ကြိုပြောထားတာ.. ဟွင်းးး”
“မချေးပါဘူး... ငါ့ရဲ့ လာရင်းကိစ္စက .. . .. . . . ပကျိ.. ပကျိ.. ပကျိ.. ပကျိ...”
(အကြောင်းစုံ ပြောပြပြီးဟု မှတ်ပါလေ.... မြန်မာကားထဲမှ စတိုင်ခိုးကျသည် .. ဟီဟိ)
×××××××××××××××××××××
“ဘာ..........”
“ဟဲ့.. သောက်ပလုတ်တုတ် ... ဖြည်းဖြည်းအော်ပါဟဲ့...”
“အော်ပါတယ်ဆိုမှ ဖြည်းဖြည်းအော်ရမှာလား.... . မလိုက်ဘူး. မလိုက်နိုင်ဘူး.... မိန်းမတွေကို
မုန်းလို့ .. ဘီယာကိုပဲ အဖော်ပြုနေပါတယ်ဆိုမှ . ဘာမိန်းမခြောက်ယောက်ပေးစားမှာလဲ..
မလိုက်နိုင်ဘူး.. မိန်းမခြောက်ယောက်လည်း မလိုချင်ဘူး.. .. ။ ဒီမှာ အီးတီ...။ ငါ့ကိုခေါ်မယ့်အစား
ဟိုချောင်လေးမှာ ဘီအီးသောက်နေတဲ့ လူပျိုကြီး ကိုမေးထောင်ကို ခေါ်သွားပါလား ... သူဆိုရင်
လိုက်မှာ ကျိန်းသေတယ်.. ”
“သူ့ခေါ်သွားရင် ငါ့ကိုခေါင်းဆောင်ကြီးက စိတ်ဆိုးပြီး ယောက်ျားအယောက်လေးဆယ်တောင်
ပေးစားပစ်မလားမသိဘူး... လုပ်ပါ ကိုကိုရဲရင့်ရယ်.. လိုက်ခဲ့ပါနော်.. နော်.. နော်လို့”
“လိုက်ဘူး...”
“ခု သောက်ထားတဲ့ ဘီယာဖိုး ရှင်းပေးမယ်လေ... နော်လို့”
“လိုက်ဘူး..”
“ဒီလောက်တောင် ပြောမရရင်လဲ...”
ပြောပြောဆိုဆို အီးတီ ထမီကို ပြင်ဝတ်သည်။
“ဟင်.. နင်ဘာလုပ်မလို့လဲ... အီးတီနော်... လုပ်နဲ့နော်.... လုပ်နဲ့နော်လို့”
“လာစမ်း.... ”
အီးတီက ကိုကိုရဲရင့်၏ ချက်ကောင်းကို တစ်ချက်တည်းကိုင်လိုက်သည်။
“အားး... နာတယ်ဟ နာတယ် နာတယ်”
“ကောင်းကောင်းခေါ်လို့မှ မလိုက်တာ.. လာခဲ့”
“သေပါပြီဗျ... ဆံပင်ကိုဆွဲတော့ နာတာပေါ့ ဂန်းနာမရဲ့... အမယ်လေး လုပ်ကြပါနဲ့ဗျ....
ကယ်ကြပါဦးအရပ်ကတို့ရဲ့ အဲ့အဲ... ၊ အောင်မယ်လေး.. ရှိသမျှဘုရား ကယ်တော်မူပါ.. ..။
အမေရေ.. သား ငယ်ငယ်လေးရှိသေးတယ်ဗျ.. ။ မိန်းမလိုချင်သေးဘူး... အား.. နာတယ်ဗျ”
ဤသို့ဖြင့် ဘီယာဆိုင်ထဲတွင် လူအများဝိုင်းအုံကြည့်နေသည့်ကြားထဲမှ .. အီးတီက ဆွဲလိုက်..
ကိုကိုရဲရင့်ကရုန်းလိုက်နှင့်ပင် နောက်ဆုံးတော့ သနားစရာကိုကိုရဲရင့်မှာ အီးတီခေါ်ရာနောက်သို့
ယက်ကန်ယက်ကန်ဖြင့် ပါတော်မူရရှာလေတော့သတည်း။
ပြီးပါပြီ.....
(ကျေးဇူးတင်လွှာ)
အီးတီနှင့် ကိုကိုရဲရင့်ရှာပုံတော် ၀တ္တုကြီးတွင် မေတ္တာဖြင့် ပါဝင်သရုပ်ဆောင်ပေးကြသော
အီးတီ၊ ကြောင်ထိုင်ထိုး၊ ဧည့်သည်သရုပ်ဆောင် - မမ၀က်ရီ၊ အပျိုကြီးဝယ်ဝယ်နင်း၊ လူပျိုကြီး
ကိုမေးထောင် တို့နှင့်အတူ ဤ၀တ္တုကြီးအား အချိန်မရသည့်ကြားမှပင် သည်းခံစောင့်မျှော်
ဖတ်ရှုပေးကြသည့် ကျွန်ုပ်၏ ချစ်လှစွာသော သူငယ်ချင်းများအား ပိုးစိုးပက်စက်
ကျေးဇူးတင်ရှိပါကြောင်း....။
ရဲရင့်ကိုကို
အထူးပရိုမိုးရှင်းအဖြစ် ကြောင်ထိုင်ထိုး၏ ဓာတ်ပုံအားကြည့်ချင်ပါက ဒီမှာ ကြည့်ရှုနိုင်ပါသည်။