Thursday, December 6, 2012

ကမ္ဘာ့ပထမဆုံး ၈၄ လက်မအရွယ် LG Ultra HD TV စတင်ရောင်းချ

Thursday, December 06, 2012

မည်သည့်အခါမျှ ရုပ်ရှင်ရုံကို သွားရောက်စရာ မလိုတော့ပါဟု
ကြွေးကြော်လျက် LG ၏ ကမ္ဘာ့ပထမဆုံး ၈၄ လက်မအရွယ် ဧရာမ Ultra HD TV ကြီးကို ဗြိတိန်တွင် စတင်မိတ်ဆက် ရောင်းချနေပြီဖြစ်သည်။

သာမန် HD TV များထက် ရုပ်ထွက်ကြည့်လင်ပြတ်သားမှု ၁၆ ဆ ပိုမိုကောင်းမွန်သော LG Ulltra HD TV ၏ ဈေးနှုန်းမှာ ပေါင်စတာလင် ၂၂,၅၀၀ ဖြစ်သည်။

အဆိုပါ TV ကြီးတွင် မိမိကြည့်ရှုလိုသော ရုပ်ရှင်ဇာတ်ကားများနှင့် TV အစီအစဉ်များကို ရွေးချယ်ကြည့်ရှုနိုင်မည့် application လည်း ပါဝင်သည်။ LG Ultra HD TV screen  တွင် ပုံမှန် TV အစီအစဉ်ထုတ်လွှင့်မှုများကို 3D အဖြစ် ပြောင်းလဲကြည့်ရှုနိုင်မည်ဖြစ်ပြီး 3D မျက်မှန် ၅ စုံပါရှိသည်။

ထို့အပြင် TV screen ကို ပိုင်းခြားပြီး တစ်ချိန်တည်းတွင် 3D ရုပ်ရှင်များ ကြည့်ရှုခြင်းနှင့် ဂိမ်းဆော့ကစားခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Myanmar Online News မှ မျှဝေလိုက်ခြင်းဖြစ်ပါသည်။ မူရင်းပို့စ်တင်သူနှင့် လာရောက်ဖတ်ရှုသူ သူငယ်ချင်းများကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရဲရင့်ကိုကို

No comments: